အပိုင်း ၁၀

534 56 3
                                    

Zawgi

' ဒီဓားကို ဘယ်သူထုတ်တာလဲ '

သူရေးချလိုက်တဲ့ စာသားကိုကြည့်ပြီးတော့ ဖုန်းရန်ရောကျီရန်ကိုပါ လန့်သွားစေပုံရတယ် ..

သူတို့ကြည့်ရတာ ဖြေချင်ပုံမရဘူး ...

လက်ထဲက ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးတော့ ရေငုံနှုတ်ပိတ်နေတဲ့အပြင် ခေါင်းတွေပါ ငုံ့ထားကြတယ် ..

ခြေတွေလက်တွေတုန်နေပုံရတယ် .. မက်တပ်ရပ်နေတဲ့ နှစ်ယောက်လုံရဲ့ ပုခုံးတွေ တုန်ခါနေကြတယ် ..

' မကြောက်ပါနဲ့ ဆရာသိချင်ရုံပါ '

သူတို့ပုခုံးလေးတွေကို လက်တစ်ဖက်စီနဲ့အသာပုတ်ပြီး သူစာထပ်ရေးပြတယ် ....

ဒါပေမဲ့ အပြစ်ပြုမူမိတဲ့ တပည့်တွေရဲ့ပုံစံအတိုင်း ဘာမှပြန်မဖြေကြဘူး ..

ရွှမ်းဟွာက ဘယ်သူဆွဲထုတ်ထုတ် အလွယ်တကူထွက်လာမဲ့ဓားမဟုတ်တော့ဘူး ..

သူကိုယ်တိုင် ရှင်းချန်ရဲ့ ဝိဥာဉ်ကို လွှင့်ထုတ်လိုက်ကတည်းက ဒီရွှမ်းဟွာဓားက အလိုအလျောက်ကို ချိတ်ပိတ်သွားပြီ ...

ဓားရဲ့ပိုင်ရှင်မဟုတ်ရင် ဘယ်သူကမှဆွဲထုတ်လို့မရတော့ဘူး ..

ဒါပေမဲ့ ...

ရွှမ်းဟွာက ဒီလိုလူပျိုပေါက်ကလေးနှစ်ယောက်ရဲ့လက်ထဲမှာ အလိုလိုထွက်အံလာသတဲ့လား ...

မယုံချင်စရာကောင်းပေမဲ့ ... တကယ်ဖြစ်နေပြန်သည်..

ပြန်လည်ဝင်စားခြင်းများလား ..... ဒါမှမဟုတ် ... ဝိဥာဉ်ဆင့်ခေါ်ခံရခြင်းလား ...

ပြန်လည်ဝင်စားခြင်းဖြစ်ဖို့ အကြောင်းအရင်းကပိုများတယ်...

ရှင်းချန်ရဲ့ ဝိဥာဉ်က လွယ်လွယ်ကူကဆင့်ခေါ်ခိုင်းစားလို့မရတော့ဘူး .... ဘာလို့လဲဆိုရင် ဝိဥာဉ်က ရှင်းချန်သေဆုံးသွားကတည်းက အစိတ်အစိတ်အမွှာမွှာကွဲပြီး အင်မတန်အားလျော့နေခဲ့တာလေ ...

ဆင့်ခေါ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး ...

ရီလင်းသခင်နဲ့ရွှယ်မျိုးရိုးတို့တောင်တတ်နိုင်ခဲ့တဲ့ကိစ္စမဟုတ်ဘူး ...

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Tempat cerita menjadi hidup. Temukan sekarang