အပိုင်း ၅

655 67 0
                                    

မနက်တောင်မလင်းချင်သေးပေ..

၅နာရီလောက်ရှိပေမလား ...

ခြံဝမှာ ကျွတ်စီ ကျွတ်စီ အသံတွေက သူ့ကို နည်းနည်းတော့ စိတ်အနှောင့်အယှက်ပေးသည်...

ဖယောင်းတိုင်လေးကိုထွန်းညှိပြီး တစ်ကိုယ်ရည်သန့်စင်ဖို့ ရေတစ်ခွက် ခပ်ယူလိုက်သည်..

ရေခွက်ထဲကရေကို လက်နှင့်သဲ့ယူကာ မျက်နှာဆေးနေတုန်းရှိသေးသည် ...

အိမ်မတံခါးကို လာခေါက်နေပြီ ...

' လာပြီ ' ဟုပြောမိမလိုလုပ်ပြီးမှ သတိရသွားသည် ..

သူမှစကားမပြောနိုင်တာလေ ..

အလျင်စလိုနဲ့ သူရေနဲ့မြန်မြန် မျက်နှာသစ်လိုက်သည်...

မျက်နှာကို ပုဝါနဲ့တောင်မသုတ်အားသေး ...

အိမ်ရှေ့က ဝမ်းမနာသားတွေကို တံခါးဖွင့်ပေးရပြန်သည်....

ကလေးတွေက အများကြီးတော့မဟုတ် ...

၇ယောက်တည်းရယ်ပါ ..

အရွယ်တူ ဆိုဒ်တူ တွေကြား နည်းနည်း ကြွယ်ဝပုံရတဲ့ အိမ်ကဖြစ်ဟန်တူတဲ့ သခင်လေးနှစ်ယောက်ပါတယ် ..

ထိုနှစ်ယောက်က အမျိုးတော်ပုံရသည်.. ရုပ်ချင်းက အင်မတန်ဆင်သည်... မျက်နှာသွယ်သွယ် မျက်လုံးတို့က ဗာဒံစေ့အသွင်နှင့် ...

သူ့ကိုမြင်တော့ အားလုံးက ပြုံးရယ်ကာနှုတ်ဆက်လာသည်...

သူက အားလုံးကို လက်ဝှေ့ယမ်းပြကာ ထိုင်ခိုင်းလိုက်သည်..

ဒီအရွယ်ကို ကွန်ဖူးပညာသင်ဖို့က ခက်သည်...

ခက်တာထက် သူသင်နိုင်ပါ့မလားမသေချာ...

စကားတို့မပြောပဲ အမူအယာနဲ့ အရင်သိအောင်လုပ်ရပေမည်...

ကလေးတွေက စာသင်ဖူးနေတာက တစ်ပန်းသာသည်ဟုပြောရမည်.. သူစာရေးပြလို့ရတာပေါ့..

အိမ်နောက်ဖေးကွက်လက်ကိုခေါ်ကာ သူလုပ်တာကို လိုက်လုပ်ဖို့ စာရေးပြရပြန်သည်..

ခြေဟန် လက်ဟန် မှန်ကန်အောင်နှင့် စိတ်တို့တည်ငြိမ်စေရန် အလျင်ဦးစွာ တရားထိုင်ခိုင်းလိုက်သည်..

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Donde viven las historias. Descúbrelo ahora