အပိုင်း ၈

529 58 0
                                    

ကွန်ဖူးသင်ရတာက သိပ်တော့မလွယ်လှ ... ကလေးတွေက နဂိုကတည်းက သိုင်းလောကနဲ့ ရင်းနှီးနေတဲ့သူတွေလည်းမဟုတ်ကြ.. ပြီးတော့ ကွန်ဖူးဆိုတာ ဘာမှန်းသိတဲ့သူတွေလည်းမဟုတ်ဘူး ..

သူတို့သိတာက လယ်စိုက်မယ် ထင်းခုတ်မယ် ဈေးရောင်းမယ် ... ဒီလိုမိသားစုထဲ ကြီးပြင်းလာပြီးမှ သူ့ဆီမှာ ကွန်ဖူးလာသင်နေကြတာ အနည်းငယ်တော့ ရယ်စရာကောင်းတယ် ...

ကလေးတွေရဲ့အသက်က ခုဆို ၁၄နှစ်လောက်ရှိပြီထင်တယ် ... သူအတိအကျမသိဘူး ...

ရှင်းချန်ရဲ့ ဝိဥာဉ်ကို လွှတ်ထုတ်လိုက်ကတည်းက သူနေ့တွေလတွေ နှစ်တွေကို မမှတ်ထားတော့ဘူး ...

လောကမှာ သူအသက်ရှင်လာတာ ဘယ်လောက်ရှိပြီတိုတာလည်း သူမသိဘူး ...

ထို့အပြင်ကို သူတို့မိဘတွေဆိုလည်း ဓားဆို၍ ထင်းခုတ်ဓားပဲ ကိုင်ဖူးကြတာ ... အင်းစာရွက်တို့ဆို ဝေလာဝေး ..

အချက်ပြကိရိယာတို့ဘာတို့ သုံးတတ်တဲ့သူတွေလည်း မဟုတ် ...

သို့ပေသည့် ကလေးတွေကို ပညာသင်ပေးလိုက် .. သူ့ဘာသာ ဥာဥ့်အမဲလိုက်ထွက်လိုက်နဲ့ .. အချိန်တွေက အကုန်မြန်လာသလို ..

တစ်ခါတစ်လေ မြို့ဘက်ကိုတက်ပြီး အင်းစာရွက်လုပ်ဖို့ စက္ကူနဲ့မင်တွေ ဝယ်ရတယ် ..

ပြီးတော့ ကလေးတွေအတွက် ဓားတွေလုပ်ပေးဖို့အတွက်  ဒီမြို့မှာ မရနိုင်ဘူး ... သူကျင်လည်ခဲ့တဲ့ သူတော်လောကနဲ့ မဝေးတဲ့ မြို့ကို သူသွားရတယ် ...

ကလေး၇ယောက်အတွက် ဓားကို သွန်းလုပ်ဖို့ ပန်းပဲဖိုကိုသူရှာရတယ် .. ဘာလို့ဆို ပညာကစုံပြီလေ ...

တပည့်ဖြစ်သူတွေကို ဆရာက ဓားပေးအပ်ရတော့မယ် ... အဲ့ဒီအတွက် သူနည်းနည်းအလုပ်ရှုပ်ရပြန်တယ် ..

စိတ်တိုင်းကျတဲ့ ပန်းပဲဖိုကိုရဖို့က သိပ်ခက်တယ် ..

ပြီးတော့ သူ ပေါ်ပေါ်ထင်ထင် သိပ်မသွားချင်ဘူး ..

သူဘာမှအမှားမလုပ်ထားပေမဲ့ အတိတ်က သူ့ကိုသိတဲ့လူတွေနဲ့ သူမတိုးချင်ဘူး .. သူစကားစမြည်ပြောချင်စိတ်လည်းမရှိဘူး .. သူ့လိုစကားမပြောနိုင်တဲ့လူနဲ့လည်း ဘယ်သူကမှ စကားပြောချင်ကြမယ် မထင်ဘူး ..

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Onde histórias criam vida. Descubra agora