For Zawgi
တပည့်လေးတွေ အကုန်ပြန်သွားကြပြီ... ဒါပေမဲ့ ဆုံစီချန်ဟာ ထိုင်ခုံကနေ နေရာမရွေ့သေးဘူး ..
ဆုံစီချန်ဟာ သူ့ရှေ့က ချထားတဲ့ ဓားနဲ့ဓားအိမ်တစ်ကွဲစီဖြစ်နေတဲ့ ရွှမ်းဟွာကိုကြည့်လိုက်တယ် .. ဓားက သံချေးတွေတစ်စက်မှမတက်နေဘူး ...
ဝိဥာဉ်စွမ်းပြည့်ဝနေတဲ့ ဓားတစ်လက်ရဲ့ ပုံစံအပြည့်အဝရှိတယ် ...
သူဟာဓားကိုဓားအိမ်ထဲပြန်ထည့်လိုက်တယ် ... ပြီးတော် သူပြန်ဆွဲနှုတ်ကြည့်တယ် .. ဓားက လုံးဝကို ဓားအိမ်က ထွက်ကျမလာဘူး ..... နည်းနည်းလေးတောင် အလင်းတစ်ပျလေးလေးမှမထွက်ပေါ်လာဘူး
ဒါဆို ချိတ်ပိတ်တာ ပြယ်သွားတာမဟုတ်ဘူးပဲ ... ဓားကချိတ်ပိတ်နေတုန်းပဲ ..
သူဘာလုပ်ရမယ်မှန်းလဲမသိဘူး .. သူ့စိတ်တွေသိပ်ကိုရှုပ်ထွေးနေတယ်.. ဒီအကြောင်းအချင်းအရာကိုမသိရအောင် သူကသိပ်တုံးလွန်းနေတဲ့သူမဟုတ်ဘူး ..
ကြည့်ရသလောက် ရှင်းချန်က ပြန်လည်ဝင်စားပြီး အသစ်မွေးဖွားလာတာပဲ ..
ဒါပေမဲ့ သေဆုံးတဲ့အချိန်က ဝိဉာဉ်က အစိတ်စိတ်အမွှာမွှာကွဲနေတော့ နှစ်ယောက်အနေနဲ့ မွေးဖွားလာတာပဲ ...
သူမသိသေးတာက ဘယ်ဝိဉာဉ်က ပိုပြီးအားကောင်းနေတာလဲဆိုတာပဲ ..
ဟုတ်ပြီ နှစ်ယောက်လုံးက ရှင်းချန်ပဲထားပါတော့ ...
သူတို့ဝိဉာဉ်တွေက ဒီတိုင်းတကွဲတပြားရှိနေမှာလား.. နှစ်ယောက်တည်းပဲလား .. ထပ်ပြီးရှိနေသေးတာလား ..
အိုက်ယား သိပ်ကိုတွေးရခက်...
တကယ်လို့ နှစ်ယောက်နဲ့မရပ်ပဲ ထပ်ရှိနေရင်ရော ..
စွမ်းအားအကြီးဆုံးတစ်ယောက်က ဝိဉာဉ်တွေကို လိုက်စုလိုက်ရင် ကျန်တဲ့ကလေးတွေရော ဘယ်လိုဖြစ်မှာလဲ ...
သူတို့လောကမှာ ဒါတွေက မထူးဆန်းပေမဲ့ အပြစ်မဲ့တဲ့ကလေးတွေ ပျောက်ကွယ်သွားမှာကတော့ မဟုတ်သေးဘူး .. သူဘာလုပ်ရမလဲ ..
သူ့အနေနဲ့ ဘယ်သူကပိုပြီးခွန်အားကြီးသလဲအရင်စောင့်ကြည့်ဖို့လိုအပ်မယ်ထင်တယ်..
YOU ARE READING
ပြန်ဆုံမဲ့ဖူးစာ ( ပွနျဆုံမဲ့ဖူးစာ ) (Completed)
FanfictionThe Untamedနဲ့ MoDaoZuShi ( Grandmaster of Demonic Cultivation ) Fanfiction လေးပါ မူရင်းဆရာမရဲ့ ဇာတ်လမ်းကို ဖျက်လိုစိတ်လုံးဝမရှိပါဘူးခင်ဗျာ စိတ်ကူယဉ်နဲ့ဖန်တီးမဲ့ ဇာတ်လမ်းလေးပါ ကျေးဇူးပြုပြီး နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် For Unicode The Untamedနဲ့...