အပိုင်း ၆

627 54 0
                                    

" တစ် .. နှစ် .. သုံး .. လေး "

ဒီနေ့ကတော့ ကလေးတွေကို ပညာသင်ပေးတာ တစ်လပြည့်သောနေ့ ..

စာရေးစာဖတ်တတ်ပြီးသားတွေမို့ တစ်လလုံးလုံး သူဟာ သူတို့သူတော်လောက စည်းမျဉ်းစည်းကမ်းတွေကိုပဲ ကူးရေးခိုင်စ ဖတ်ခိုင်း လုပ်ပေးရသည်...

တစ်လပြည့်ပြီမို့ စည်းကမ်းတွေလည်း အကုန်သိနေကြပြီ ..

ကလေးတွေက သိပ်ဥာဏ်ကောင်းကြသည်..

အသက်ကလေးတွေငယ်သေးတော့ ပညာသင်ချိန်ကလွဲရင် ကျန်တဲ့အချိန်တွေဆို .. သူတို့လေးတွေကို ထိန်းမနိုင်..

သို့ပေမဲ့ ဆရာဆိုသည့် ဂုဏ်ကြောင့်လားတော့မသိ ... သူ့ကိုတော့ ကြောက်လန့်ပုံရပြီး သူ့ရှေ့ဆို ကလေးတွေက သိပ်မဆိုးကြ...

တစ်လပြည့်ပြီဖြစ်၍ ယနေ့ ကွန်ဖူးစသင်ရပြီ..

အမြဲလွယ်ထားကြ ဓားနှစ်လက်ကို အိမ်မှာပဲသောက်တင်နေကတည်းက စာရေးစားပွဲပေါ်သာ တင်ထားမိရသည်..

ဓားတို့ကိုလည်း အဝတ်နဲ့မသုတ်ဖြစ် ..

ဥာဥ့်အမဲလိုက်ရတာလည်းမရှိတော့ ဓားတွေဖုန်တက်နေလောက်ပြီ.. ဒီနေ့စာသင်ပြီရင်တော့ ဓားတွေ ဖုန်သုတ်ရကောင်းရဲ့ ...

ကလေးတွေအတွက် ဓားသိုင်းသင်ပေးဖို့က စောလွန်းနေသေးသည်..

လောလောဆယ် ကိုယ်ခန္ဓာကြံ့ခိုင်ဖို့နဲ့  ခုခံကာကွယ်တတ်ဖို့ လက်ကိုသုံးရသော ကွန်ဖူးကိုအရင်သင်ပေးဖို့ ရည်ရွယ်လိုက်သည်..

ယနေ့အတွက် သင်ပေးရမည့် ကိုယ်ဟန်ကို သူပြတော့ .. ကလေးတွေက လိုက်၍ အနောက်မှ လိုက်မှတ်ရသည်..

သူ လေးခေါက်လောက်သာပြလိုက်ရသည်.. ကလေးတွေက မှတ်မိနေပြီ ...

သူရပ်ကြည့်နေပြီး ကလေးတွေကို အမှတ်စဉ်အော်ခိုင်းကာ ကွန်ဖူးလေ့ကျင့်ခိုင်းလိုက်သည်..

နေ့တစ်ဝက်ကျိုး၍ အိမ်ရှေ့မှာ လှည်းသံကြားရသည်..

ဒါဟာ ကလေးမိဘတွေက ကလေးတွေအတွက် နေ့လည်စာ လာပို့ခြင်း ..

ဟုတ်တယ် .. သူကိုယ်တိုင်လည်း ချက်မကျွေးနိုင်ပါ ..

သူ့မှာ ဘယ်က ဝင်ငွေရှိလို့တုန်း ..

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Tempat cerita menjadi hidup. Temukan sekarang