အပိုင်း ၇

556 57 1
                                    

" ဆရာ များများစားလေ .. ဆရာစားတာကလည်း နည်းနည်းလေး .. "

" ဟုတ်တယ် အရမ်းနည်းတာပဲ "

ကျီရန်နဲ့ဖုန်းရန်ဟာ သူစားပြီးတဲ့အချိန်ထိ သူ့ကို ထိုင်ကြည့်နေတုန်း ..

သူချိုင့်တွေကောက်သိမ်းလိုက်ပြီး အကြမ်းရည်ငှဲ့ကာသောက်လိုက်တယ် ....

ပြီးတော့ကလေးနှစ်ယောက်ကို အပြင်ထွက်ဖို့အချက်ပြလိုက်တယ် ....

ကလေးနှစ်ယောက်က သူ့ကိုအရိုအသေပေးပြီး တဲပြင်ပြန်ထွက်သွားကြတယ် ..

ဟုတ်တယ် ဒါကနားချိန်လေ ... ကလေးတွေ တရေးအိပ်လို့ရတယ် ..

ကွန်ဖူးက ညနေမှ ပြန်လေ့ကျင့်ရမှာ ..

သူအစားစားထားခါစမို့ ဗိုက်လေးနေသလိုခံစားရတယ် ..

ဒီနေ့က သူထမင်းအများကြီးစားတဲ့နေ့ပဲ ..

ပုံမှန်ဆို သူကမန်ထိုတစ်လုံးနဲ့ ဗိုက်ဖြည့်နေကြမို့လို့ ...

စာကြည့်စားပွဲပေါ်ထိုင်လိုက်ပြီးတော့ မင်သွေးလိုက်တယ် ..

မင်သွေးလို့ပြီးတော့ သူစာရွက်တစ်ရွက်ဖြန့်ခင်းလိုက်တယ် ...

ပြီးတော့ သူသင်ပေးမဲ့ ကွန်ဖူးပညာကို ချရေးလိုက်တယ် ..

သိုင်းကွက်က သူလုပ်ပြလို့ရပေမဲ့ အနေအထားအမှန်ကို ပါးစပ်နဲ့သူထုတ်ပြောလို့မရဘူးလေ..

စာဖတ်တတ်တဲ့ကလေးတွေမို့ ဒါက သူတို့ဖတ်ကြည့်ရင် နားလည်ဖို့အလွယ်ကလေးပဲ ..

သူသိုင်းကွက်တွေချရေးနေရင်း သူငယ်ရွယ်စဉ်က အမဲလိုက်တာတွေ ပြန်ပြန်မြင်ယောင်လာတယ် ..

သူကဆရာ့ဆီကပညာသင်ပြီး ဂိုဏ်းကနေထွက် တောင်အောက်ဆင်းလာချိန်က သူ့မှာ သူတော်လောကထဲ ယောင်လည်လည်ရယ် ..

တစ်စုံတစ်ယောက်နဲ့ဆုံပြီးမှ သူ့လောကက အရောင်တွေစုံလာခဲ့တာ ..

ရှင်းချန် .. ရွှေလသာလေနုအေး ...

တစ်ကိုယ်တော်ဂိုဏ်းမဲ့သိုင်းသမားနှစ်ယောက်မို့ အတူတူ ဥာဥ့်အမဲလိုက်ခဲ့ကြရင်း ခင်တွယ်လာကြတာ...

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ