For Unicode
" ဆရာ ? "
ဒုတိယမြောက် ဖင်ထိုင်ကျ ပြီးတဲ့နောက် ကျီရန်တစ်ယောက် ငုတ်တုတ်မထိုင်ရဲတော့ .. ခြေချထိုင်ပြီးနောက် ဖုန်းရန်ကို ဘာပြောရမယ်မှန်းမသိသော အကြည့်တို့ဖြင့်သာ ကြည့်လာတော့သည်..
" ဖုန်းရန် .. "
" ဟုတ်ကဲ့ "
" ဆရာ့ကို ဘာလို့သတ်ခဲ့တာလဲ "
" မသိခဲ့လို့ .... "
ဖုန်းရန်ရဲ့ သက်ပြင်းချသံသဲ့သဲ့ကြားအပြီးမှာ အတိတ်ထဲကို ကျီရန်ရော ဖုန်းရန်ပါ ပြန်လည်မျောပါလေတော့သည်...
" ဆရာက ကျွန်တော်နဲ့အတူတူ လေလွင့် ဂိုဏ်းမဲ့ ကျင့်ကြံသူ သိုင်းသမားတစ်ယောက်ပဲ ... ဖုန်းရန်တို့အတူတူပေါင်းပြီး မှားယွင်းတဲ့ အတတ်တို့ကျင့်ကြံသူတွေကို ချေမှုန်းခဲ့ကြတယ် .... တစ္စေရိုင်းတွေကို နှိမ်နင်းခဲ့ကြတယ် ... တစ်ရက်မှာ ဖုန်းရန်တို့ ရွှယ်မျိုးနွယ်ဖြစ်တဲ့ ချန်မေ့ ဆိုတဲ့ လူငယ်လေးကို ဝိုင်းဖမ်းကြတယ် ... အဲ့တုန်းက ဝမ်ဂိုဏ်းကြီးစိုးတဲ့အချိန်ပေါ့ .... "
( A/N TUနဲ့MDZS ကို Fanfiction ရေးတာဖြစ်ပေမဲ့ ဒီPART ကတော့ TU ကိုယူတာဖြစ်တဲ့အတွက် scene တွေက Modaozushibနဲ့တော့ အနည်းငယ်ကွဲလွဲမှာ ဖြစ်ပါတယ် )
" ဝမ်ဂိုဏ်းက ရွှယ်ချန်မေ့ ရွယ်ယမ် ဆိုတဲ့သူငယ်လေးကို ရင်းထျယ် လိုက်ရှာခိုင်းတဲ့အချိန်မှာ ... ရွှယ်ယမ်က ချန်အိမ်တစ်အိမ်လုံးကို သတ်ပစ်လိုက္တယ်လေ "
" ဖုန်းရန်ရောက်သွားတဲ့အချိန်မှာ ဟန်ကွမ်းကျွင်းရယ် ဝေ့သခင်လေးနဲ့ကျန်းသခင်လေးတို့က အရင်ရောက်နှင့်နေပြီ "
" ဟန်ကွမ်းကျွင်း ? နောက် ဝေ့သခင်လေးနဲ့ကျန်းသခင်လေး ဟုတ်လား ... သူတို့က ဘယ်သူလဲ "
" ဟန်ကွမ်းကျွင်းဆိုတာ ကူးစူးလန်ဂိုဏ်းရဲ့ အထင်ကရ ကျောက်စိမ်းနှစ်ဆူထဲက ဒုတိယလန်သခင်လေး လန်ဝမ့်ကျီး ပဲ ... ဝေ့သခင်လေးကတော့ ယွင်မုန့်ကျန်းဂိုဏ်းရဲ့ အကြီးဆုံးတပည့်လေ ... ကျန်းသခင်လေးက ယွင်မုန့်ကျန်းဂိုဏ်းရဲ့ ဆက်ခံသူပေါ့ ... အခုတော့ ကျန်းဂိုဏ်းချုပ်ဘဝကနေတောင် အနားယူပြီလားမသိဘူး ... ဖုန်းရန် မသိတာတွေ သိပ်များနေပြီ ... "
![](https://img.wattpad.com/cover/200234471-288-k447709.jpg)
YOU ARE READING
ျပန္ဆံုမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)
FanfictionThe Untamedနဲ့ MoDaoZuShi ( Grandmaster of Demonic Cultivation ) Fanfiction လေးပါ မူရင်းဆရာမရဲ့ ဇာတ်လမ်းကို ဖျက်လိုစိတ်လုံးဝမရှိပါဘူးခင်ဗျာ စိတ်ကူယဉ်နဲ့ဖန်တီးမဲ့ ဇာတ်လမ်းလေးပါ ကျေးဇူးပြုပြီး နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် For Unicode The Untamedနဲ့...