အပိုင်း ၁၆

506 50 1
                                    

For Zawgi

တစ်ညလုံး တအိအိငိုကာ အိပ်ပျော်သွားတဲ့ ကျီရန်ကို ဆုံစီချန် မအိပ်ပဲ စောင့်ပေးနေမိသည် ...

' မင်းက အရင်လို စိတ်ဓာတ်ကြံ့ခိုင်ပြီး အမြဲတမ်း ပြုံးနေတတ်တဲ့ ရှောင်ရှင်းချန်နဲ့ မတူတော့ဘူး '

လုပ်စရာမရှိတာမို့ ရေနွေးတစ်အိုးတည်ကာ မနက်ကျရင် ခြေလက်မျက်နှာဆေးဖို့ရန် လုပ်နေမိတယ် ...

' ကျီရန် မင်းက နူးညံ့တယ် ပြုံးမြမြလေး နေတတ်တယ် ... ဖုန်းရန်ကတော့ ကလေးဆန်တယ် '

နှစ်ယောက်လုံးမှာ ဝိဥာဉ်အစိတ်အပိုင်းတွေ ပါလာရဲ့သားနဲ့ ဘာလို့ အင်အားနည်းတဲ့ မင်းဆီမှာပဲ သူ့ရဲ့အငွေ့အသက်တွေကို တွေ့နေရတာလဲ ....

အမှန်ဆို ဖုန်းရန်ကမှ ပိုပြီး တူရမှာမဟုတ်ဘူးလား ...

မ​နေ့ကညက ငိုမဲ့မဲ့မျက်နှာနဲ့ ထွက်သွားတဲ့ ဖုန်းရန်ရဲ့မျက်နှာကို သူမြင်ယောင်မိတိုင်း စိတ်မကောင်းပေ ...

သူကပဲ ရှင်းချန်ရဲ့ငယ်ဘဝကို မသိလို့များလား ... ရှင်းချန်မှာ ဒီလို ကလေးဆန်တဲ့ အကျင့်စရိုက်ရှိတာ သူမသိလို့များလား ..... ဒါလည်းမဖြစ်နိုင်ပါ ... ပေါင်ရှန်းစမ်းရန် ရဲ့တပည့်က တဇွတ်ထိုး ရူးမိုက်မိုက် ကလေးပေါက်စနမဟုတ်ဘူးလေ ...

အင်း... ကလေးသာသာပဲရှိသေးတာမို့ အဲ့လိုဖြစ်တာနေမှာပါလေ ..

" အင်း ... "

အနည်းငယ် ညည်းညူသံနဲ့အတူ ကျီရန်က နိုးလာနေပြီ ..

' နိုးပြီလား '

" ဟုတ်ကဲ့ဆရာ ... တပည့် ဆရာ့ကို အပြစ်ပြုမိပါပြီ "

ဝါးကုတင်ပေါ်မှထကာ မြေကြီးပေါ် ဒူး​ထေါက်ချလာတဲ့ ကျီရန်ကို သူ့မှာ အလျင်အမြန် ထူရသေးသည် ...

' မလိုပါဘူး '

သူထူမပေးတဲ့အတိုင်း ကျီရန်က ထရပ်လိုက်သည် ... လူပျိုပေါက်အရွယ်ဆိုပေမဲ့ ပိန်သွယ်တဲ့ခန္ဓာနဲ့ အနည်းငယ်ပုနေတဲ့ အရပ်အမောင်းကြောင့် သူနဲ့စာရင် ကျီရန်က တူသားဆိုတာထက် ပိုငယ်နေသယောင် ...

" ဆရာ ဗိုက်ဆာရော့မယ် တပည့် အိမ်ပြန်လိုက်မယ်လေ ပြီးမှ ဆရာ့အတွက် တစ်ခုခုယူလာပေးမယ် "

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Where stories live. Discover now