အပိုင်း ၂

1K 74 0
                                    

ထင်းခုတ်သမားတို့ တောလိုက်မုဆိုးတို့၏ အမြဲတမ်း မြင်နေကြမြင်ကွင်းတစ်ခု ...

တောင်ခြေရေကန်လေး၏နံဘေး ထိုင်နေသော သူတော်တစ်ယောက်...

ဒီနေ့တော့ ရာသီဥတုက သာယာကြည်လင်နေ၍ ထိုသူတော်သည်လည်း မျက်နှာတို့ကြည်စင်နေသည်...

ဖြတ်သွားသော သူတို့က လေးစားသမှုအရ သူတော်လေးကို လှမ်းနှုတ်ဆက်ကြပေမဲ့ သူတော်လေးကတော့ ခေါင်းသာအသာဆတ်ပြသည်...

ဒါကိုက အင်မတန်ထူးဆန်းနေပြီ ...

သူတို့အရင်က ဖြတ်သွားဖြတ်လာလုပ်နေရင်တောင် ထိုသူတော်လေးက သူတို့ကို လှည့်ကြည့်တာမဟုတ် ...

အင်း ... ဘာဖြစ်ဖြစ် ရင်းနှီးလာတာ့ ကောင်းတာပေါ့ ...

လူအုပ်စုကြီး ဖြတ်သွားအပြီးမှာတော့ သူတော်လေးဟာ ထုံးစံအတိုင်း တစ်ယောက်တည်း စိတ်နဲ့သာ စကားပြောနေတော့သည်...

ငြိမ်ငြိမ်လေးထိုင်နေရာမှ ရှုံ့အိတ်လေးကို ထုတ်ယူလိုက်သည်...

သူမနေ့က လူတစ်ယောက်နှင့်ဆုံခဲ့သည်...

ထိုလူ၏စကားများက သူ့ကို တွေဝေနေစေသည်...

မနေ့က ထိုလူနဲ့သူတွေ့မိတာ တောင်ပေါ်မှာ အမဲလိုက်ရင်း.....

သူတော်အချင်းချင်းမို့ စကားပြာစရာမလိုပဲ တစ်ယေဟက်အခြေအနေ တစ်ယောက် သိနိုင်ပေသည်....

ထိုလူက သူ့ထံမှ ဝိဥာဉ်ချုပ်အိတ်လေးကို မြင်သွားသည်..

ထိုလူ၏ ဝိဥာဉ်အစွမ်းကမြင့်တော့ ဝိဥာဉ်ချုပ်အိတ်ထဲက ဝိဥာဉ်စွမ်းအားကိုပါ ခံစားနိုင်ခဲ့သည်ထင့် ...

" အသင် ဒီအိတ်လေး ဆောင်ထားတာ ကြာပြီလား "

သူခေါင်းအသာညိတ်ပြတော့ ...

" ဘယ်သူများလဲ "

မိတ်ဆွေဆိုတဲ့စကားနှစ်လုံးကို မြေပေါ်ချရေးပြတော့..

ထိုလူက သက်ပြင်းချသည်....

" ကျွန်တော်လည်းအရင်က ကျွန်တော့်အမျိုးသမီးရဲ့ ဝိဥာဉ်ကို ချုပ်ထားခဲ့ဖူးတယ် "

သူ ထိုလူ၏ ဆက်ပြောလာမည့်စကားတို့ကို ငြိမ်ငြိမ်နေပေးခြင်းဖြင့် နားထောင်ပေးနေမိသည်...

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Where stories live. Discover now