အပိုင်း ၁၅

540 59 0
                                    

For Unicode

ရေနွေးအိုးလေး တစ်အိုးကျိုကာ ဆုံစီချန်တစ်ယောက် ဝါးရုံတောဘက်သာ ဘာရယ်မဟုတ် အကြည့်ရောက်နေမိသည်...

ဆုံစီချန် ဆုံလန်၏ စိတ်ထဲ၌ အတွေးများများစားစားမရှိ  ...... ကျီရန်နှင့်ဖုန်းရန်တို့၏ အကြောင်းသာ ... သူ ဒီကလေးနှစ်ယောက်ကို ဘယ်လိုဖြေရှင်းရပါ့မလဲ ...

နှစ်ယောက်လုံးကို ဝိဥာဥ်ခွဲလိုက်ရမလား ... ဒါမှမဟုတ် ဒီတိုင်းလေး နေနိုင်ပါ့မလား ... တစ်သက်လုံး ဝိဥာဥ် တစ်ကွဲတစ်ပြားနဲ့ နေရင်း နောက်ပြန်မွေးဖွားတဲ့အခါတိုင်း ဝိဥာဥ်ကွဲနေရင် ဘယ်လိုလုပ်မလဲ ...

ပြီးတော့ သူမသိသေးတဲ့ အကြောင်းအရာတစ်ခုရှိသေးသည် .. အဲ့ဒါက နှစ်ပိုင်းတည်းကွဲနေတာလား ... အစိတ်စိတ်အမွှာမွှာလား ဆိုတာပဲ ...

' ရှင်းချန် .... ငါ့အတွက် ပေးဆပ်ခဲ့ရတာတွေ များလို့များ ... ငါ့ကို မကျေမနပ်နဲ့ တမင် အလုပ်ရှုပ်စေသလား '

သူပြုံးမိသည် .....

' အလုပ်ရှုပ်တယ်ရယ်လို့ ငါကမတွေးရင်ရော ....'

ရေနွေးအိုးတည်ထားသော မီးဖိုကို ဟိုဆွဒီဆွနဲ့ သူလုပ်မိသည် ...

' ငါမပြောဖြစ်ခဲ့တဲ့ .. ငါမဖော်ပြခဲ့တဲ့ ငါ့သံယောဇဥ်တွေကြောင့် .... မင်းအနေရခက်လောက်အောင်ထိ .. ငါက ဂရုစိုက်မယ်ဆိုရင်ရော '

ဆူနေပြီးဖြစ်တဲ့ ရေနွေးအိုးကိုအောက်ချကာ မီးကိုငြိမ်းသတ်လိုက်သည် ...

' မင်းလက်ခံပေးနိုင်မလား သူငယ်ချင်း '

.......................................

" ဆရာ "

လက်ထဲကရေနွေးခွက်ကို စားပွဲပေါ် အားယူတင်လိုက်ရအောင်အထိ ထိုအသံတို့က သူ့ကို  ထိတ်လန့်စေသည် ...

သို့ပေသိ ... ဟန်ကိုယ်ဖို့ရတာ​ေပါ့ ... ဒီက​ေလးနှစ်ယောက်က သူတို့ဘဝအမှန်ကို သိလား မသိဘူးလား ... သူမှမသိနိုင်ပဲ ...

" ဆရာ ကျီရန်နဲ့ ဖုန်းရန် ဂါရဝပြုပါတယ် "

လက်နှစ်ဖက်ကိုယှက်ကာ ခါးကိုညွတ်ခေါင်းကိုငံ့၍ အရိုအသေပေးလာသော ကလေးနှစ်ယောက် ...

ျပန္ဆံုမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Donde viven las historias. Descúbrelo ahora