အပိုင်း ၁

2K 87 1
                                    

ကျင့်ကြံသူ သူတော်လောကတွင် ရှောင်ရှင်းရှန်နဲ့ ဆုံစီချန်ဆိုသော နာမည်ပျောက်ကွယ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပြီ..

သို့သော် သူတော်လောက၌ အမည်မထင်ရှားသော သူတော်တို့ကတော့ရှိမြဲ....

အယူမှားလမ်းလွဲသူတွေလည်း ရှိမြဲပါပဲ ...

လောကမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေသ၍ လူသာမန်တို့အပြင် သူတို့သူတော်တွေပါ ရှိနေရပေဦးမည်....

...............................

နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် မြို့ငယ်လေးတစ်မြို့ ...

ထိုမြို့လေးတွေလည်း သူတော်တို့ရှိသည်...

ယခင်လို ဂိုဏ်းကြီးဂိုဏ်းငယ်အသွယ်သွယ်နှင့်မဟုတ်ပဲ တစ်ကိုယ်တော် သူတော်များက ပိုများသည်....

တောတောင်တို့နှင့်နီးပြီး မြို့စဉ်ရွာစဉ်ပျက်၍ လူနေသိပ်မထူထပ်သောကြောင့် ဂိုဏ်းကြီးများမရှိပေ ...

မြို့စွန် တောအုပ်မဝင်ခင်၌ ဝါးတောတစ်ခုရှိလေသည်...

ထိုဝါးတောတွင် ဝါးအိမ်ငယ်လေးဖြင့် နေသော သူတော်တစ်ယောက်ရှိသည်.. အသက်မည်မျှရှိသနည်း ... မည်သူမျှ မှန်းဆ၍မရ ... ထိုသူတော် ဤမြို့သို့ရောက်နေတာပင် နှစ်တော်တော်ကြာနေပေပြီ ...

မနက်တိုင်း မြင်းမှီးကြာပွတ်ကိုကိုင် ဓားနှစ်လက်ကိုလွယ်ပြီး ဈေးသို့လာတတ်သည်... အသီးအရွက်တစ်ချို့ဝယ်ပြီးတာနဲ့ ပြန်သွားတတ်သည်...

မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားမပြောပေ...

တစ်ခါတစ်ရံ တောင်ဘက်တောဘက်မှ တစ္စေရိုင်းများဆင်းလာလျှင် ကူညီဖြေရှင်းပေးသည်....

အမြဲလိုလို ငြိမ်ငြိမ်အေးအေး နေတတ်ပြီး ထိုတဲဘက်ကဖြတ်လျှောက်သွားရင်တောင် လူသံမကြားရတတ် ...

တစ်ခါတစ်ရံ တောလိုက်မုဆိုးတို့ ထင်းခုတ်သမားတို့ တောတက်လျှင် တောင်ခြေရေအိုင်နားတွင် တစ်ယောက်တည်းထိုင်နေသော ထိုသူတော်ကိုတွေ့ရတတ်သည်...

ရှုံ့အိတ်လေးတစ်လုံးကိုကိုင်ကာ ငိုင်တွေနေတတ်ပြီး တစ်ခါတစ်ရံ တစ်ပတ်ဆယ်ရက်လောက် မြို့ကိုပြန်မလာပဲ ပျောက်နေတတ်ပြန်သည်....

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Wo Geschichten leben. Entdecke jetzt