အပိုင်း ၎

732 60 0
                                    

' သူတို့သေကြတော့မှာလား '

တိုးဝင်လာတဲ့ တစ္စေအုပ်ကို မက်တပ်ကြီးတွေနဲ့ ဆီးကြိုနေရတဲ့ အဖြစ်က သိပ်တော့ မသာယာလှ ..

ဂူး ဂဲ အီး အား အော်နေတဲ့ အသံတွေကြောင့် အသည်းတွေ အူတွေ တုန်နေပေမဲ့ မျက်လုံးမဖွင့်ရဲကြတော့ဘူး ..

သူတို့စိတ်ထဲမှာ သိနေတာက သူတို့သေချာပေါက် အစားခံရတော့မှာ ...

အနံ့အသက်ဆိုးဆိုးဝါးဝါးတွေ အနီးကပ်ဆုံးအခြေအနေမှာပဲ လေတိုးသံတစ်ခုကို သူတို့အားလုံးကြားလိုက်ရတယ် ...

သူတို့ဆီ တစ္စေအုပ်ကြီး ခုန်ဝင်လာရမဲ့အစား ..

ဓားနဲ့ခုတ်တဲ့ ပြတ်ရှသံတွေပဲ ကြားရတော့  အားလုံးက တိုင်ပင်စရာမလိုပဲ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ကြတယ် ...

မှောင်မည်းနေတဲ့ ညယံမှာ တစ်လက်လက်ဖြာပြီး လျှင်မြန်စွာ ခုန်ပျံဝဲနေတဲ့ ဓားအသရေ ..

သူတို့တစ်ခါမှ ညဥ့်အမဲလိုက်တာကို မတွေ့ဖူးကြဘူး ..

ဒါကြောင့်ပဲ သူတို့ဟာ မက်တပ်မေ့ပြီး စိုက်ကြည့်နေကြတယ် ..

ပြေးဖို့အာရုံ တစ်ယောက်မှမရကြဘူး ...

လင်းလဲ့နေတဲ့ ဓားအသရေနဲ့အတူ မြေပေါ် လဲကျကုန်တဲ့ တစ္စေရိုင်းတွေ မနည်းဘူး ...

အနည်းစုပဲ ကျန်တဲ့အချိန်မှာ အဲ့ဒီတစ္စေအုပ်ဟာ ဓားပိုင်ရှင်ကို ပြန်မချကြတော့ဘူး ..

အူးအီး ဂူးဂါး အော်ပြီး သူတို့ပြေးနိုင်သလောက် ပြေးပါတော့တယ် ...

ဓားပိုင်ရှင်က အနောက်ကနေ ပြေးမလိုက်တော့ပဲ အစီအရင်တစ်ချို့ ပစ်လွှတ်လိုက်တယ် ...

အဲ့ဒီအစီအရင်အောက်မှာ တစ္စေရိုင်းတွေဟာ အငွ့ပျံသွားကြပြီး အဲ့ဒီအငွေ့တွေက ဓားပိုင်ရှင်ကိုင်ဆောင်ထားတဲ့ ရှုံ့အိတ်လေးထဲ ဝင်သွားတယ် ..

ရွာသားတွေဟာ အစအဆုံးကို အလွန်ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ကြည့်နေရသလို အသက်ရှူဖို့တောင်မေ့နေခဲ့ကြတယ် ...

ဓားပိုင်ရှင်လေးက ပြုတ်ကျနေတဲ့ မီးအိမ်တစ်ခုကို မီးထွန်းပြီး သူတို့ဆီလျှောက်လာတယ် ..

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Dove le storie prendono vita. Scoprilo ora