( A/N စီချန်က တစ်ရက်လောက်အနားယူနေပေမဲ့ ကျွန်တော်အနားမယူခဲ့ဘူးနော် honey bee တို့သိဘို့ )ကျေးငှက်တို့တကျီကျီမြည်သံက သူ့ကို နှိုးလိုက်တာနဲ့အတူတူပဲ ...
တပည့်တွေကိုအနားပေးထားတော့ ခြံဝန်းက တိတ်ဆိတ်နေတယ် ... ၁၀နှစ်လောက် ပညာသင်နေခဲ့တဲ့ အချိန်တွေ ဖြတ်ကျော်လာပြီးတဲ့နောက် ... သူလည်းတိတ်ဆိတ်ခြင်းနဲ့ အသားမကျတော့ဘူး ..
အိပ်ယာကနိုးလာတော့ သူကြည့်ကြည့်တယ် .. ခြံဝန်းထဲမှာ သစ်ရွက်ကြွေတွေအများကြီးပဲ ..
ကြည့်ရတာ သူ တစ်ရက်တိတိအိပ်ပျော်နေခဲ့တာပဲ ....
အဝေးကြီးထ သွားခဲ့ရတဲ့အပြင် ပြန်လာတော့လည်း ဓားပျံပါစီးခဲ့ရတော့ သူအားတွေသိပ်သုံးလိုက်သလိုဖြစ်သွားပုံရတယ် ..
တစ်ကိုယ်လုံးကပ်စီးနေသလိုခံစားရလို့ အဝတ်တို့သူနမ်းကြည့်တော့ ချွေးနံ့တွေရတယ် ..
အဝတ်အပိုတစ်စုံယူပြီး သူသွားနေကျ ကန်နားကို မြန်မြန်လှမ်းခဲ့တယ် .. တဲလေးကိုတော့ အကာအကွယ်စည်းတားခဲ့ပြီးတော့ သူစိတ်အေးလက်အေးပဲ ရေစိမ်နေလိုက်တယ် ..
တချွတ်ချွတ်အသံကြားတော့ သူလှည့်ကြည့်မိတယ် ..
" တောင်းပန်ပါတယ်ဆရာ တပည့်တို့နှောင့်ယှက်မိပါတယ် "
အရိုအသေပြုကာ ခေါင်းလေးတွေ ငုံ့ထားကြတယ် ..
သူ ရေစက်တို့ လွှင့်ထုတ်လိုက်တယ် .. သဘောက ရတယ်ဆိုတာမျိုး ...
ပြီးတော့ ပြန်နှင့်ဖို့ လက်ပြလိုက်တယ် ...
သူလည်း ဝတ်ရုံအသစ်ကောက်ပတ်လိုက်ပြီး ကလေးတွေအနောက်က အသာပဲလိုက်ခဲ့တယ် ..
သူ့တဲရှေ့မှာ ကလေးခုနှစ်ယောက်လုံး ငုတ်တုတ်ထိုင်နေကြတယ် ..
သူလာတာလည်း မြင်ရော အကုန်လုံးက မက်တပ်ရပ်ပြီး အရိုအသေပေးကြတယ် ..
သူလက်ပြပြီး ထိုင်ခိုင်းလိုက်တယ် .. သူကတော့ တဲထဲဝင်ခဲ့လိုက်တယ် ...
ရေစိုနေတဲ့ဆံပင်တွေကို သူမထုံးနေတော့ဘူး ..
လက်နဲ့အသာသပ်ပြီး ဝတ်ရုံ ကြည့်ရဆိုးမနေအောင် သူသေချာပြန်ဝတ်လိုက်တယ် ... ပြီးတော့ မိုးမြေအိတ်ကိုယူပြီး ကလေးတွေဆီကို ပြန်လာလိုက်တယ် ..
KAMU SEDANG MEMBACA
ပြန်ဆုံမဲ့ဖူးစာ ( ပွနျဆုံမဲ့ဖူးစာ ) (Completed)
Fiksi PenggemarThe Untamedနဲ့ MoDaoZuShi ( Grandmaster of Demonic Cultivation ) Fanfiction လေးပါ မူရင်းဆရာမရဲ့ ဇာတ်လမ်းကို ဖျက်လိုစိတ်လုံးဝမရှိပါဘူးခင်ဗျာ စိတ်ကူယဉ်နဲ့ဖန်တီးမဲ့ ဇာတ်လမ်းလေးပါ ကျေးဇူးပြုပြီး နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် For Unicode The Untamedနဲ့...