အပိုင်း ၁၇

539 54 4
                                    

For Zawgi

" ဆရာ "

အိပ်ပျော်နေတဲ့ ဖုန်းရန်အနား သူထိုင်နေမိတာ အချိန်မည်မျှ ကြာသွားပြီမသိ .. ကျီရန်က သူ့ကိုလာခေါ်မှ သူသတိဝင်တော့သည် ..

' အင်း '

" နေ့လည်စာပြင်ထားပါတယ် တစ်ခါတည်း အတူတူစားရအောင် "

' သွားနှင့် ဆရာ လာခဲ့မယ် '

ကျီရန်ထွက်သွားပြီးနောက် သူလည်း ဖုန်းရန်အိက်ပျေိာနေတဲ့အနားကို လာခဲ့သည် ..

အိပ်ပျော်နေတဲ့ ဖုန်းရန်ရဲ့မျက်နှာက ပြည့်ဖောင်းနေတဲ့ ကိုယ်လုံးလေးနဲ့ မလိုက်ဖက်လောက်အောင် မျက်တွင်းတွေ ချောင်ကျနေတယ် ... ကပိုကယိုဖြစ်နေတဲ့ ဆံစတွေက အိပ်ပျော်နေတာမို့ အစေခံတွေက ထုံးဖွဲ့မပေးသွားလို့ ခေါင်းအုံးပေါ်မှာ ဝဲကျလို့ ...

နီမြန်းမြန်းနဲ့ ပါးလျပ်နေတဲ့ နှုတ်ခမ်းတွေကတော့ သူ့ကို  တစ်ဉီးတစ်ယောက်အား သတိရစေတယ် ...

' သိပ်တူတာပဲ ရှင်းချန် '

နဖူးနားလေးကို လက်ကလေးထိမိတော့ မျက်လုံးလေးတွေ မျက်ခုံးလေးတွေ တစ်ချက်လှုပ်သွားတယ် ... နိုးတော့မနိုးလာသေးဘူး ...

သူ ညက ဘာလို့ ဒီကလေးကို နှင်လွှတ်မိပါလိမ့် ... အမှန်ဆို သူနှင်မထုတ်ခဲ့သေးဘူး ... ဒီကလေးဆီမှာ ရှင်းချန်ရဲ့ စရိုက်မတွေ့တာနဲ့ပဲ သူက နှင်လွှတ်လိုက်ရတယ်လို့ ...

အဲ့သလိုနှင်လွှတ်မိလို့ ဒီကလေးက တစ်ညလုံး အိမ်ဝမှာ ငုတ်တုတ် ထိုင်နေခဲ့ ရတာ​လေ ...

သူ့ကြောင့် ... အကုန်လုံးက သူ့ကြောင့် ...

အရင်တုန်းကလည်း သူ့ကြောင့်ပဲ ရှင်းချန်ရဲ့ အမြင်အာရုံတွေ ဆုံးရှုံးခဲ့ရတာ ...

' မင်းသိလား ရှင်းချန် ... ငါ မျက်တောင်တစ်ချက်ခတ်မိတိုင်း မင်းကို လွမ်းတယ် ... မျက်တောင်တစ်ချက်ခတ်မိတိုင်း မင်းကိုမြင်ယောင်တယ် ... မျက်တောင်တစ်ချက်ခတ်မိတိုင်း မင်းမှန်းသိခဲ့ပါတယ် ... ဒါတေါင် ငါမင်းကို မရှာနိုင်ခဲ့ဘူး ရှင်းချန် '

ထိန်းထားတဲ့ကြားက မျက်ရည်တစ်စ ထွက်အံကျသည် ...

ဖြူနုတဲ့မျက်နှာပေါ်က ပိတ်ထားတဲ့ မျက်ခွံ​တွေပေါ် ကျဆင်းသွားတော့ သူ့မှာ ပြန်ပြီး မသုတ်ဖယ်ရသေးခင် ထိုမျက်လုံးများက ပွင့်လာသည် ...

ပြန်ဆုံမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)Onde histórias criam vida. Descubra agora