For Unicode
" ဖုန်းရန် "
" ဟုတ်ကဲ့ အစ်ကိုတော် "
" အစ်ကိုတော်နဲ့ ဖုန်းရန် နှစ်ယောက် စကားမပြောဖြစ်တာတောင်ကြာပြီနော် "
" ဟုတ်လား ဖုန်းရန် သတိတောင်မထားမိဘူး "
ပြုံးပြုံးလေးပြောကာ ခေါင်းကိုငုံ့ရင်း တစ်ဖက်ကိုလှည့်သွားပါတဲ့ ညီငယ်ကို ကျီရန်မှာ စိတ်လည်းမဆိုးရက် ..
" ဒီနေ့ ဆရာ့တဲထဲ ဝင်သွားသေးတယ်မလား "
ဘယ်လိုသိတာလဲဆိုသည့် အကြည့်နဲ့ သူ့ဘက်ပြန်ကြည့်လာပါတဲ့ ဖုန်းရန် ..
ကျီရန် သက်ပြင်းမောလေး ချလိုက်မိသည် ..
ဒီညီငယ်ကို သူ့မှာ ဘယ်လိုလိုက်ထိန်းရမယ်မှန်းကိုမသိတော့ပါ ..
သိတတ်စအရွယ်ကတည်းက အားတဲ့အချိန်တွေမှာဆို ဖုန်းရန်က တရားထိုင်သည်... ဘယ်သူမှမသင်ပါပဲ အင်းစက္ကူတွေ ဆွဲတတ်သည်... သကြားလုံးလေးတွေတွေ့ရင် ပြုံးတစ်ဝက် ညိှုးတစ်ဝက်နဲ့ စိုက်ကြည့်သည် ... ဘယ်တုန်းကမှ မချက်ဘူးတဲ့ ဆေးစွပ်ပြုတ်တွေ ချက်တတ်သည်... သူတစ်ပါးနားမလည်တဲ့ ဂါထာတွေလည်း ရွတ်တတ်သည်...
အကြောက်အလန့်မရှိပဲ ကြုံလာသမျှကို ခပ်ပြုံးပြုံးနဲ့ရင်ဆိုင်သည်..
သူနဲ့ညီအစ်ကိုတစ်ဝမ်းကွဲမို့ ရုပ်ချင်းဆင်သော်ငြား ... စိတ်ဓာတ်တို့က မတူချေ.. သူကတော့ သိုင်းပညာထက် မိဘတွေရဲ့ကုန်သည်လုပ်ငန်းကိုစိတ်ဝင်စားသူ .. သို့ပေသိ ဖုန်းရန်ကတော့ ထိုသို့မဟုတ် ...
ရွာကရွာသားတွေကို ရွာထိပ်မှ သူတော်က တစ္စေရိုင်းတွေလက်ထဲကနေ ကယ်တင်ပေးပြီးကတည်းက သူတော်ဆီမှာ ပညာသင်ခိုင်းပေးဖို့ ကိုယ်တိုင်မိဘတွေကို စ၍တောင်းဆိုခဲ့တာဖြစ်သည်...
ငယ်စဥ်ကတည်းက စျေးထဲကို သူတော်ဆင်းလာပြီဆိုရင် အကွယ်ကနေ ချောင်းကြည့်တတ်သည်...
ထိုသူတော်သိုင်းသမား သွားရာတစ်လျှောက် နောက်ကနေ ပုန်းကာကွယ်ကာ လိုက်ကြည့်ပြီး ... ထိုလူအိမ်ပြန်သွားလို့ မျက်ကွယ်ရောက်သည်နှင့် ထိုင်ချကာ မျက်ရည်ကျတော့သည်..
ВЫ ЧИТАЕТЕ
ျပန္ဆံုမဲ့ဖူးစာ ( ပြန်ဆုံမဲ့ဖူးစာ ) (Completed)
ФанфикThe Untamedနဲ့ MoDaoZuShi ( Grandmaster of Demonic Cultivation ) Fanfiction လေးပါ မူရင်းဆရာမရဲ့ ဇာတ်လမ်းကို ဖျက်လိုစိတ်လုံးဝမရှိပါဘူးခင်ဗျာ စိတ်ကူယဉ်နဲ့ဖန်တီးမဲ့ ဇာတ်လမ်းလေးပါ ကျေးဇူးပြုပြီး နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ် For Unicode The Untamedနဲ့...