Chapter - 4 အကိုကြီးနှင့် ဂျူနီယာညီမလေး (အကိုကြီးနှင့် ဂျူနီယာညီမလေး)

23.2K 3K 64
                                    

Zawgyi version

ထျန်းရှင်းဂိုဏ်း၏စာကြည့်တိုက်တွင် စာအုပ်များခွဲခြားထားသည်မှာ မြစ်အစင်းတစ်ရာ ပင်လယ်ထဲသို့ စီးဝင်နေသကဲ့သို့ပင်..ပထမထပ်မှာပင် အရှေ့ဆောင် နှင့် အနောက်ဆောင် ပေါင်းလိုက်လျှင် စာအုပ်ပေါင်း သောင်းကျော်ရှိသည်...ယူရှောင်မို မျှော်လင့်ထားသလိုပင် စာအုပ်များကို ခင်းကျင်းပြသထားသည်.. စာအုပ်စင်ပေါင်းထောင်ကျော်ရှိပြီး စာအုပ်များကို သူ့အမျိုးအစားအလိုက် နာမည်များထင်ထင်ရှားရှားကပ်ထားပီး အစီအရီခွဲခြားထားသည်.. ယူရှောင်မို သက်ပြင်းကြီးကြီးချရင်း ခေါင်းရမ်းလိုက်မိသည်.. လုံရှန်းပြည်၏သမိုင်းကြောင်း ဒီလောက်ရှည်မှတော့ အချိန်အတိုင်းအတာတခုအတွင်းမှာ စာအုပ်စင်ပေါင်းများစွာကို ဖြတ်ပြီး လေ့လာရမည်.. တချို့စာအုပ်များက လွန်ခဲ့သော နှစ်ပေါင်းသောင်းကျော်က တချို့က လွန်ခဲ့သောနှစ်ပေါင်း ငါးထောင်ကျော်က , ယူရှောင်မိုမှာ လွန်လွန်ပြီးခဲ့သော နှစ်ပေါင်းများစွာဆီက လုံရှန်းပြည်အကြောင်းကို စိတ်မဝင်စား.. သူနားလည်ဖို့လိုအပ်တာက ယနေ့လုံရှန်းပြည်အကြောင်း..နောက်ဆုံးစာအုပ်စင်အရောက်မှာ ယူရှောင်မိုမျက်လုံးထဲ စာအုပ်စင်အပေါ်ဆုံးက စာအုပ်နာမည်တစ်ခုဝင်လာသည် - လုံရှန်းပြည်၏ပထဝီဝင်

ယူရှောင်မို ခြေဖျားထောက်ကာ စာအုပ်ယူရန်လက်လှမ်းလိုက်စဉ် တစ်စုံတစ်ခုနှင့် သူ့လက်ထိလိုက်မိသည်.. လျှပ်စစ်ဓါတ်လိုက်သလို ခံစားချက်မျိုး.. ချက်ချင်းလက်ကို ပြန် ရုတ်လိုက်ရင်း အော်ငိုမိမတတ် ဖြစ်သွားသည်.. ထိုမထင်မှတ်ထားသောဖြစ်ရပ်က သူ့အသက်တစ်ဝက်လောက် တိုသွားစေသည်.. စိတ်ကို တည်ငြိမ်အောင်ထားရင်း ကိုယ့်ကိုကိုယ်သတိပေးလိုက်မိသည်.. အခု သူရောက်နေတာ လုံရှန်းပြည်.. ဒီနေရာမှာ ရှင်သန်ချင်လျှင် ဒီလိုထူးဆန်းဖွယ်ဖြစ်ရပ်များနှင့် လိုက်လျောညီထွေ ဖြစ်ဖို့လိုအပ်သည်.. ထိုသို့တွေးလိုက်ပြီးနောက် ယူရှောင်မို သူ့ရင်ဘတ်ထဲက တံဆိပ်ပြားကို ထုတ်ယူလိုက်သည်.. ဒီတံဆိပ်ပြားက စာကြည့်တိုက်မှူးအဘိုးကြီး သူ့ကိုပစ်ပေးလိုက်သော ပစ္စည်းဖြစ်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now