20.1K 2.6K 169
Unicode version
ဒီညကတော့ ယူရှောင်မို ဒီကမ္ဘာကိုစရောက်သည့်အချိန်မှစတွက်လျှင် စိတ်အပင်ပန်းဆုံးဖြစ်ခဲ့သည်..နောက်တနေ့တွင် လင်းရှောင်၏အာဏာရှင်ဆန်ဆန်အမိန့်အရ ပြန်ဆုံရန်သတ်မှတ်နေရာကို သူ့နောက်က လိုက်ခဲ့ရလေသည်.. မနေ့က သူပြောခဲ့သည့်နောက်ဆုံးစကားလုံးများကြောင့် ယူရှောင်မို ငြင်းဆန်ဖို့ရာ မရဲပေ.. အားလုံးရှေ့တွင် လင်းရှောင်နှင့်အတူရောက်လာသောသူ့ကို ကျန်သူများက သတိထားမိသွားကြသည်..
အမြဲမထင်မရှားနေခဲ့ရာမှ အခုမှသာ လူတွေရဲ့ အာရုံစူးစိုက်မှုတွေကို ခံနေရတော့သည်.. ပထမဆုံးလှုပ်ရှားမှုမှာ ဂျူနီယာညီမလေး ထန်ယွင်းချီ လင်းရှောင်ဆီသို့ ပြေးလာခြင်းပင်.. ယူရှောင်မိုကို အဖတ်မတန်သလို တစ်ချက်ကြည့်ရင်း လင်းရှောင်ကို ပြောလိုက်သည်..
"အကိုကြီး အလုပ်တွေပြီးခဲ့ပြီလား?"
လင်းရှောင် ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်သည်.. ဒီတကြိမ်တော့ သူဟန်ဆောင်နေခြင်းမဟုတ်.. ဒီဂျူနီယာညီမလေးဆိုသူကို သူသိပ်ကြည့်မရ.. သို့သော် အရင်လင်းရှောင်ကလည်း ဂျူနီယာညီမလေးကို ဒီလိုဆက်ဆံနေကြဖြစ်သောကြောင့် ဘယ်သူမှသတိမထားမိချေ..
တခြားတစ်ဖက်မှာတော့ ယူရှောင်မို နဖူးမှချွေးတွေကို သုတ်လိုက်သည်.. သူ အသာလေးဘေးရှောင်မထွက်ခင်မှာပဲ ထန်ယွင်းချီ သူ့ဘက်ကို လှည့်လာသည်..
"အကိုကြီး ဘာလို့ သူနဲ့ရှိနေတာလဲ?"
ထန်ယွင်းချီ လင်းရှောင်၏လက်မောင်းကိုချိတ်ရင်း သူမရဲ့မျက်ခုံးကို ပင့်ကာ ယူရှောင်မိုကို အထင်သေးရွံ့ရှာသလိုအကြည့်နှင့် ကြည့်လိုက်သည်..
လင်းရှောင် သူ့လက်မောင်းကို ထန်ယွင်းချီလက်ထဲက အသာဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်လေးကွေးကာ အသာပြုံးရင်း
"ငါ သူနဲ့လာတာ ဘာပြသနာရှိလို့လဲ?"
ချောမောသောမျက်နှာထက်က နွေဦးလေပြေလေးလို အပြုံးက လင်းရှောင်နှင့် မသက်ဆိုင်သလိုပင်.. ဒါပေမယ့် ဒီလူပြုံးလိုက်တိုင်း အရာအားလုံးပြီးပြည့်စုံသွားသလို ခံစားချက်မျိုး ခံစားရစေသည်.. ဒါတွေဟာ ဟန်ဆောင်မှုသက်သက်ဆိုတာ ယူရှောင်မိုသာသိသည်.. ဒီလူ၏ အရှေ့နှင့်အနောက်ကဲ့သို့ ဆန့်ကျင်ဘက်မျက်နှာအပြောင်းအလဲမြန်မှု , သူတစ်ယောက်တည်း စရိုက်အမျိုးမျိုးပြောင်းလဲနေမှုကို ယူရှောင်မို မနေ့တည်းက ကိုယ်တွေ့ကြုံဖူးခဲ့ပြီဖြစ်သည်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now