20.6K 2.5K 64
Unicode Version
လင်းရှောင်နှင့် တခန်းတည်း တကုတင်တည်း အိပ်ရတော့မည်ဟူသော အဖြစ်မှန်ကို လက်ခံဖို့ရာ ယူရှောင်မို အချိန်နှစ်နာရီခန့် ယူလိုက်ရသည်။ ပြိုင်ပွဲချိန်လည်း နီးကပ်လာပြီ ဖြစ်သောကြောင့် ဒီလိုစိတ်သောကရောက်စေသည့်အကြောင်းကို စိတ်ထဲ ကြာကြာထည့်မထားပဲ ထုတ်ပစ်လိုက်ရတော့သည်။
လူနှစ်ယောက်ကို တခန်းတည်း တကုတင်တည်းမှာ မျှအိပ်ခိုင်းသော်လည်း စစ်သည်တော်ဌာနမှာ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းတွေ ဘာမှမပေးထားချေ။ ရေမိုးချိုးရန်အတွက် လိုအပ်သည့်အသုံးအဆောင်များလည်း မပေးသည့်အတွက် မှော်ဆရာများအားလုံး ကိုယ့်ဘာကိုယ်သာ ယူလာကြရသည်။ ကံကောင်းထောက်မစွာ မှော်ဆရာများသည် မှော်အိတ်ဆောင်လေ့ရှိကြသောကြောင့် အိတ်သေးသော်လည်း ထည့်သယ်လာလို့ အဆင်ပြေကြသည်။ ယူရှောင်မို သူ့အိတ်ထဲက ပစ္စည်းတွေကို ထုတ်ပြီး စီနေလိုက်သည်။ ထို့နောက် ပြိုင်ပွဲအချိန်သို့ ကျရောက်လာလေသည်။
ဗဟိုစခန်းမှာ လူနည်းနည်းပဲရှိသော်လည်း မထင်မှတ်ပဲ ကွင်းလုံးပြည့်နီးပါး လူစုကြီးကို တွေ့လိုက်ရသည်။ လူအုပ်ကြီးကို သူ့နေရာနှင့်သူ နေရာချထားသည်။ ထျန်းရှင်းဂိုဏ်းအကြီးအကဲတွေအတွက် ပေးထားသောနေရာကိုလည်း တွေ့ရသည်။ ကွင်းပြင်၏ရှေ့ဆုံးတန်းတွင်ဖြစ်ပြီး ဆယ့်ငါးခုံလောက် တန်းစီချထားသည်။ ဆယ်ခုံလောက်လူပြည့်နေပြီး ကျန်ခုံများမှာ အတော်အတန်ရာထူးကြီးသောသူများ မလာသေးတာဖြစ်မည်။ ဂိုဏ်းချုပ်တို့ထုံးစံအတိုင်း နောက်ဆုံးမှ ရောက်လာကြမည့်သူများ ဖြစ်သည်။
နောက်တနေရာမှာ ပြိုင်ပွဲဝင်များအတွက်ဖြစ်သည်။ ပြိုင်ပွဲဝင်တွေအားလုံးနီးပါး နေရာယူပြီးသားဖြစ်နေသည်။ တချို့က စိတ်တည်ငြိမ်စေရန် မျက်လုံးမှိတ်တရားထိုင်ရင်း ဒီနေ့ယှဉ်ပြိုင်ပွဲအတွက် ပြင်ဆင်နေကြသည်။ တချို့ကလဲ စကားတွေများနေကြသည်။ လေထုအခြေအနေကတော့ သာယာကောင်းမွန်နေသည်။ ခနနေရင် ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်ရတော့မည်ဆိုသော်လည်း မည်သူမှ ရန်လိုရန်စောင်နေခြင်း မရှိပေ။
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now