16.3K 2.4K 33
Unicode version
ထိုအချိန်တွေအတွင်းမှာ ယူရှောင်မို သူ့ခြေထောက်ဒဏ်ရာကို အကြောင်းပြပြီး ဆေးပင်ခန်းမတွင် ဆေးပင်ထုတ်ယူခြင်းအကြိမ်ရေကို လျော့ချခဲ့သည်.. ထိုသို့အချိန်ဆွဲနေခဲ့တာ တလခန့်ပင်ရှိတော့မည်.. သူ့ခြေထောက်ဒဏ်ရာလဲ နောက်ဆုံးတွင် သက်သာသွားခဲ့သည်.. ထိုအချိန်တွင်းမှာ သူ ဆေးပင်ထောင့်နှစ်ရာခန့်သာ ထုတ်ယူခဲ့သည်.. ထို့ကြောင့် ဆေးလုံးလေးရာလောက်သာ ဖော်နိုင်သည်.. တကယ်တော့ သူ့နယ်မြေထဲက ဆေးပင်တွေနဲ့ သူအလုပ်ရှုပ်နေခဲ့ခြင်း ဖြစ်သည်..
မှော်ရေက ဆေးပင်ကြီးထွားမှုနှုန်း တိုးတက်စေတာကို သိရှိပြီးနောက် ယူရှောင်မိုတစ်ယောက် မှော်ရေအသုံးပြုပြီး ဆေးပင်စိုက်ပျိုးခြင်းနည်းကို လေ့လာတော့သည်.. အတွေအကြုံတချို့ရပြီးသည့်နောက်မှာတော့ တချို့အချက်တွေကို သူသိရှိလာရသည်..
ပထမက အဆင့်တစ်ဆေးပင်တွေ.. အဆင့်တစ်ဆေးပင်တွေက အဆင့်နှစ်ဆေးပင်တွေထက် ကြီးထွားနှုန်းပိုမြန်သည်.. မှော်ရေအသုံးမပြုလျှင် ကြီးထွားဖို့ လအချို့ကြာသည်.. မှော်ရေအသုံးပြုလျှင်တော့ နေ့တဝက်တောင်မကြာပဲ အစေ့ကနေ ရင့်မှည့်သည့်ဆေးပင်အဖြစ်သို့ရောက်လေသည်.. အကျိုးသက်ရောက်မှုကတော့ အံ့ဩလောက်စရာပင်.. အဲ့လိုအကျိုးသက်ရောက်မှုနှုန်းများလွန်းလို့လည်း ယူရှောင်မိုမှာ ဖြုန်းတီးရာရောက်သည်ဟု ခံစားမိသည်..
ရေကန်က နယ်မြေ၏ငါးပုံတပုံလောက်နေရာယူထားသော်လည်း ကုန်သွားလျှင် ပြန်ပြည့်နိုင်လား မသိနိုင်ချေ..
အကုန်လုံးသုံးလိုက်မိလျှင် ဘယ်လိုလုပ်မလဲ? ထို့ကြောင့် ယူရှောင်မို မှော်ရေကို ရိုးရိုးရေနှင့် ရောနှောဖို့ကြံစည်တော့သည်.. ရိုးရိုးရေရောထားသော်မှော်ရေက မရောသောမှော်ရေလောက် အစွမ်းသတ္တိမရှိသော်လည်း သူ့မှာလဲ အကျိုးသက်ရောက်မှုရှိသည်.. ရောသည့်ရေပမာဏပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုနှုန်း ချိန်ဆလို့ရသည်.. ဤနည်းဖြင့် ယူရှောင်မို မှော်ဆေးပင်ကြီးထွားနှုန်းကို ထိန်းညှိထားနိုင်သွားသည်..
ထိုအရာတွေကို ရှာတွေ့ပြီးနောက် သူ့နယ်မြေထဲတွင် စမ်းသပ်မှုတွေ ပြုလုပ်တော့သည်.. ထိုအခါ သစ်သားစည်ကြီးအလုံးငါးဆယ်လောက် လိုအပ်လာသည်.. သူ့မှာတောင်အောက်ဆင်းခွင့်နှစ်ခါလုံး အသုံးပြုပြီးဖြစ်သောကြောင့် လင်းရှောင်ကိုသာ အကူအညီတောင်းရသည်..ထို့အပြင် မကြာခဏတောင်အောက်ဆင်းခြင်းက လူတွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်သည်..
The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now