Chapter - 32 မြေကမ္ဘာအဖွဲ့သား (ေျမကမာၻအဖြဲ႕သား )

18.2K 2.6K 68
                                    

Unicode version

လင်းရှောင် ထျန်းရှင်းဂိုဏ်း၏ ဝိညာဉ်စွမ်းအားအဂ္ဂရိတ်ကျင့်စဉ်ကို သွားမခိုးမှာတော့ သေချာပါသည်.. အဲဒီကျင့်စဉ်စာအုပ်ကို စာကြည့်တိုက်အရှေ့ဆောင်၏အမြင့်ဆုံးအထပ်တွင် သိမ်းထားကြသည်.. တာဝန်မှ အနားယူသွားခဲ့ကြသည့် ထျန်းရှင်းဂိုဏ်းအကြီးအကဲများက နောက်ကွယ်ကနေ ကျင့်စဉ်ကို စောင့်ကြပ်နေကြသည်..သူတို့တစ်ယောက်ချင်းစီမှာ ကြီးမြတ်သည့် ကိုယ်ပိုင်စွမ်းရည်ကိုယ်စီ ရှိကြသည်.. သို့သော် ဒါက ကျင့်စဉ်စာအုပ်ကို သူမယူနိုင်ဟု မဆိုလို.. အကယ်၍ ကျင့်စဉ်စာအုပ်သာအခိုးခံလိုက်ရပါက ထျန်းရှင်းတစ်ဂိုဏ်းလုံး ဆူညံပွတ်လောရိုက်သွားနိုင်သောကြောင့် ဖြစ်သည်..

ဝိညာဉ်စွမ်းအားအဂ္ဂရိတ်ကျင့်စဉ်မှာ ထျန်းရှင်းဂိုဏ်း၏ အလွန်အဖိုးတန်သောရတနာဖြစ်သောကြောင့် သူတို့မကြာခဏ စစ်ဆေးကြည့်ရှုလေ့ရှိသည်.. အခိုးခံရတာကို သိသွားလျှင် ထျန်းရှင်းဂိုဏ်းတွင် သေချာပေါက် သစ္စာဖေါက်ရှိနေပြီဟု သံသယဝင်သွားနိုင်သည်.. ထိုအခါ ထိုလူအိုအုပ်စုသည် နောက်ကွယ်က ထွက်လာပြီး ဂိုဏ်းသားတိုင်းကို စေ့စေ့စပ်စပ်စစ်ဆေးတော့မည် ဖြစ်သည်...ဒါက သူ့ကို ဒုက္ခရောက်စေနိုင်သည့်အကွက်များပင်..  ထို့အပြင် ယူရှောင်မိုကိုယ်တိုင်ကလဲ လျို့ဝှက်ချက်များသူတစ်ယောက် ဖြစ်သည်.. ထို့ကြောင့် ဝိညာဉ်စွမ်းအားအဂ္ဂရိတ်ကျင့်စဉ်ကို ခိုးယူခြင်းက ကောင်းသည့်လှုပ်ရှားမှုတော့မဟုတ်.. ဒီနည်းလမ်းကို ချွင်းချက်ထားပြီး နောက်ဆုံးမတတ်သာမှသာ ထုတ်သုံးမည်ဖြစ်သည်..

သို့ပေမယ့် ယူရှောင်မိုကိုလဲ ကျင့်စဉ်စာအုပ်ယူဆောင်ပေးမည်ဟုလည်း သူပြောပြီးခဲ့ပြီ.. ယောကျ်ားကောင်းတို့မည်သည် ပြောပြီးသည့်စကားကို တည်ရမည်.. ဒီလိုနဲ့ နောက်တစ်နေ့တွင် လင်းရှောင်တောင်အောက်ဆင်းသွားသည်ဆိုသည့် သတင်းကို ယူရှောင်မိုကြားလိုက်ရသည်..

မနေ့က သူတို့ဆွေးနွေးမှုပြီးဆုံးသွားတော့ လင်းရှောင်ခဏနေပြီး ဆေးလုံးနှစ်ဆယ်ယူကာ ပြန်သွားသည်..
ယူရှောင်မိုဆီမှာ ဆေးလုံးသုံးဆယ်သာ ကျန်ခဲ့သည်..
နောက်တစ်ခေါက် တောင်အောက်ဆင်းလျှင် ဒီဆေးလုံးတွေကို ရောင်းပြီး ပိုက်ဆံရှာဖို့ စဉ်းစားထားသည်..သိပ်မများသော်လည်း ပြားချပ်နေသည့် သူ့ပိုက်ဆံအိတ်ကိုတော့ ပြန်ဖောင်းလာစေနိုင်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now