Chapter - 23 ပထမဆုံးချမ်းသာကြွယ်ဝမှု (ပထမဆုံးခ်မ္းသာႂကြယ္ဝမႈ)

17.5K 2.8K 83
                                    

Unicode version

ဆိုင်တာဝန်ခံက သူ့လက်ထဲက ဆေးလုံးတွေကိုကြည့်ရင်း အံ့အားသင့်နေသည်.. ဒါစွမ်းအားမြှင့်ဆေးလုံးဆိုတာသေချာသည်.. သို့သော် မတူညီသောဆေးလုံးများဖြစ်သည်.. သေချာအနီးကပ်ကြည့်ပါက အရောင်ကွဲပြားတာကို တွေ့နိုင်သည်.. အခုပုလင်းထဲက အပြာရောင်ဆေးလုံးများသည် အရင်ပုလင်းကဆေးလုံးတွေနှင့်ယှဉ်လျှင် ပိုရင့်သယောင်ရှိသည်.. ဒီလို အံ့ဖွယ်ဖြစ်ရပ်မျိုးကို သူအရင်ကလဲကြုံဖူးသည်.. သို့သော် အရင်ကမြင်ဖူးသမျှမှာ အလယ်အလတ်အဆင့်ဆေးလုံးများသာဖြစ်သည်..,
အလယ်အလတ်အဆင့်ဆေးလုံးများသည် ပုံမှန်အားဖြင့် အဆင့်နိမ့်ဆေးလုံးများထက် အရောင်ပိုရင့်သည်.. အခုသူ့လက်ထဲကဆေးလုံးများက အလယ်အလတ်အဆင့်ဆေးလုံးများလောက်လည်း အရောင်မရင့်ပေ..

ဆိုင်တာဝန်ခံက လေးလုံးမြောက်ပုလင်းကို ခပ်မြန်မြန်ယူကြည့်လိုက်သည်.. အထဲမှာ လွင့်ပြယ်ဆေးလုံးများကို တွေ့လိုက်ရသည်.. သုံးလုံးမြောက်ပုလင်းထဲက စွမ်းအားမြှင့်ဆေးလုံးများလိုပင်..သူ့လို အတွေ့အကြုံများစွာရှိသူကိုတောင် ဇဝေဇဝါဖြစ်စေသည်..ဒီဆေးလုံးတွေအားလုံးက အဆင့်နိမ့်ဆေးလုံးတွေဆိုတာ သေချာသည်.. သို့သော် အဘယ်ကြောင့် အရောင်မတူရပါသနည်း?

နောက်ဆုံးတော့ ဆိုင်တာဝန်ခံကြီး မနေနိုင်တော့ဘဲ ဖွင့်မေးလာသည်..
"ဧည့်သည်တော်လေး ဒီဟာက.. ?"

ဆိုင်တာဝန်ခံ၏အံ့အားသင့်နေသောမျက်နှာကို မြင်တော့ ယူရှောင်မို သက်မတစ်ချက်ရှိုက်လိုက်သည်..

ဒါကိုကြည့်ခြင်းဖြင့် သူ့ဆေးလုံးတွေဟာ စင်ပေါ်မှာရှိနေသည်ဟု မှန်းဆနိုင်သည်.. ဆေးလုံးတွေကို စျေးကောင်းနှင့်ရောင်းမည်ဟုလည်း တွေးထားလိုက်သည်..

"ဒီဆေးနှစ်ပုလင်းက ခုနကနှစ်ပုလင်းနဲ့မတူဘူး.. အဆင့်နိမ့်ဆေးလုံးတွေဆိုပေမယ့် ဘေးထွက်ဆိုးကျိုး လုံးဝမမြင့်ဘူး.. ဆယ်ရာခိုင်နှုန်းပဲရှိတယ်"

ကြားကြားချင်း ဆိုင်တာဝန်ခံ ခေတ္တဆွံ့အသွားသည်.. ယူရှောင်မိုကို လူထူးဆန်းတစ်ယောက်လို ကြည့်လာသည်.. ဒါတကယ့်ကို စိတ်ဝင်စားစရာဖြစ်ရပ်ပဲ.. ဒီလူငယ်လေးက သူ့ကို ရှော့ဖြစ်စေမယ့်ကိစ္စမျိုး ယူလာလိမ့်မည်ဟု သူ မတွေးထားမိခဲ့ပေ.. သူ့လိုမှော်ဆေးလုံးရောင်းနေသူအဖို့ မှော်ဆေးလုံးတွေအကြောင်းကို ရှင်းရှင်းလင်းလင်းသိသည်.. သူ့အရင်အတွေ့အကြုံတွေအရ အညစ်အကြေးဖယ်ထုတ်ခြင်းကို အကြိမ်ရေများများလုပ်လျှင်တောင် အဆင့်နိမ့်ဆေးလုံးများအတွက် ဆယ့်ငါးရာခိုင်နှုန်းအောက်မရောက်နိုင်ပေ..တခြားမှော်ဆရာတွေလဲ အောင်မြင်လားမသိပေမယ့် ဒါကတော့ သူပထမဆုံးမြင်ဖူးတာပင်..,ဒီကိစ္စသာ အပြင်ပေါက်ကြားသွားလျှင် ရုတ်ရုတ်သဲသဲဖြစ်လာနိုင်သည်.. ဆယ်ရာခိုင်နှုန်းဘေးထွက်ဆိုးကျိုးသာရှိသော အဆင့်နိမ့်ဆေးလုံး.. ဘေးထွက်ဆိုးကျိုးငါးရာခိုင်နှုန်းကျဆင်းသွားခြင်းသည် လုံရှန်းပြည်သူများအတွက် သေချာပေါက် ဘဲတွေလို စုပြုံတိုးဝယ်ယူမည့်အဖြစ်မျိုး ဖြစ်သည်.. ဒီဆေးလုံးတွေကို သူတစ်ယောက်တည်းသာရောင်းခွင့်ရလျှင်.....

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now