Chapter - 44 လမ်းခွဲ (လမ္းခြဲ)

17K 2.5K 49
                                    

Unicode version

ဟယ်ပင်းမြို့မှာ အရင်တစ်ခေါက်ကအတိုင်း စည်ကားလျက်ရှိသည်.. ယူရှောင်မို အခုတော့ ဟယ်ပင်းမြို့နှင့် ရင်းနှီးသွားပြီဖြစ်သောကြောင့် အရင်တစ်ခေါက်လို ဟိုရှာဒီရှာ လုပ်နေစရာ မလိုတော့ပေ..

ထန်ယွင်းချီနှင့် အကိုချန်တို့ တောင်အောင်ဆင်းလာခြင်းမှာ အကြောင်းကြီးကြီးမားမားမဟုတ်ပဲ ဂိုဏ်းချုပ်ထန်အတွက် လက်ဖက်ခြောက်လာဝယ်ခြင်းဖြစ်သည်.. ဂိုဏ်းချုပ်ထန်သည် လက်ဖက်ရည်ကြမ်းနှစ်သက်သူ ဖြစ်သည်..
သို့သော် အမတဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတစ်မျိုးကိုသာ စွဲစွဲလမ်းလမ်းသောက်သူ ဖြစ်သည်..အမတဆေးဖက်ဝင်လက်ဖက်ခြောက်ခင်းမှာ အလွန်ရှားပါးသောကြောင့် ဟယ်ပင်မြို့၏အကြီးဆုံးလက်ဖက်ခြောက်ဆိုင်တွင်ပင် လတိုင်း တစ်ကျင်း(၅၀၀ဂရမ်) ရရှိဖို့ ခက်ခဲသည်.. ဆိုင်ပိုင်ရှင်သည် တစ်လတစ်ခါ ထျန်းရှင်းဂိုဏ်းမှ လာရောက်ဝယ်ယူတတ်သည်ကို သိသဖြင့် ဖယ်ထားပြီး စောင့်နေလေ့ရှိသည်..

အဓိကခြားနားချက်ကတော့ လက်ဖက်ခြောက်ဆိုင်သည် အရှေ့ပိုင်းလမ်းတွင်ရှိ၍ ယူရှောင်မိုသည် မြောက်ပိုင်းလမ်းတွင် ဆေးလုံးရောင်းချရန်ဖြစ်သည်.. လုံးဝမတူညီသော လမ်းနှစ်သွယ်ဖြစ်နေသည်..

ယူရှောင်မိုမှာ သူဆေးလုံးရောင်းချသည်ကို မသိစေချင်သောကြောင့် လမ်းခွဲသွားရန် အဆိုတင်သွင်းလိုက်သည်.. ထိုမှသာ သူတို့အရှေ့ပိုင်းလမ်းသွားနေစဉ် သူကမြောက်ပိုင်းလမ်းကို သွားနိုင်မည် ဖြစ်သည်..

အစက ထိုအကြံပြုချက်သည် ထန်ယွင်းချီလိုချင်သည့်အတိုင်းဖြစ်သည်..ယူရှောင်မိုကို သူမမျက်စိရှေ့တွင် မမြင်ချင်တော့ပေ..
သို့သော် ပြသနာက လင်းရှောင်..
သူက ယူရှောင်မိုနှင့် မြောက်ပိုင်းလမ်းကို သွားရန်ရွေးချယ်ပြီး ထန်ယွင်းချီကို အကိုချန်နှင့် အရှေ့ပိုင်းလမ်းကို သွားစေသည်.. ပြီးမှ အနောက်ပိုင်းလမ်းရှိ စားသောက်ဆိုင်ကြီးတွင် ပြန်ဆုံမည်ဟု ပြောသည်..
ထန်ယွင်းချီမှာ လက်မခံချင်သော်လည်း လင်းရှောင်၏စကားများကို ပယ်ရှားမရဘူးဟုဆိုသည့် အတွေ့အကြုံရနေပြီဖြစ်သည်.. လင်းရှောင်မှာ အမြဲတမ်းဆုံးဖြတ်ပြီးလျှင် ပြန်မပြင်တတ်သော လူစားမျိုးဖြစ်သည်.. ပြောလျှင် ပြောသည့်အတိုင်း ဖြစ်အောင်လုပ်တတ်သူ ဖြစ်သည်.. 

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now