Chapter - 35 စားသောက်ဆောင်တွင် ရုတ်ရုတ်သဲသဲဖြစ်ခြင်း

16.9K 2.5K 45
                                    

Unicode version

သူတို့နှစ်ယောက်ရောက်လာသောအခါ ယူရှောင်မိုမှာ အားလုံး၏အာရုံစိုက်ရာဖြစ်သွားတော့သည်..ဒီတကြိမ်တွင် လင်းရှောင်ပါ ပါလာသည်..

အချိန်မှာလဲ ညစာစားချိန်ဖြစ်ရာ စားသောက်ဆောင်တွင် လူပြည့်ကြပ်နေသည်..

ယူရှောင်မို ဘေးက လင်းရှောင်ကိုပါ တွေ့လိုက်တော့ ဂိုဏ်းသားတစ်ယောက်ဆို ပါးစပ်ထဲက အစားတွေတောင် အပြင်ကို သီးကုန်သည်.. သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဂိုဏ်းသားမျက်နှာကို ဖြန်းပေးသလို ဖြစ်သွားသည်.. ထိုလူမှာ ဒေါသလည်းမထွက်နိုင် မျက်နှာကိုလည်း မသုတ်နိုင်ပဲ သူတို့နှစ်ယောက်ကိုကြည့်ရင်း ကြက်သေသေနေသည်..

ထိုအချိန်တွင် အားလုံးစဥ်းစားမိသည်မှာ ကောလဟာလတွေက အမှန်ပဲ ဆိုတာပင်.. အရင်က စစ်သည်တော်ဌာနမှ လင်းရှောင်တစ်ယောက် သူတို့နေရာမှာလာစားသည်ဆိုတာကို ဘယ်သူမှ မယုံပါလေ..

အခုတော့ ရောက်လာရုံတင်မက ပြီးခဲ့တဲ့ရက်တွေက နာမည်ကြီးခဲ့သော ယူရှောင်မိုနှင့် အတူတူတောင် တွဲဝင်လာသေးသည်.. ထို့အပြင် သူတို့ပတ်သက်မှုက လူအများကြားတွင် အတူတူတွဲစားရအောင်ထိ ရင်းနှီးနေသည်..
သူတို့ကြားမှာ ဘာမှပတ်သက်မှုမရှိပါဘူး ကျိန်ဆိုပြောရဲသူသည် သေချာပေါက် သေဖို့ကျိန်ဆိုပြီးသားဖြစ်မည်..

စျေးတန်းကဲ့သို့ အမြဲဆူညံလှုပ်ရှားနေသော စားသောက်ဆောင်သည် ပုံမှန်မဟုတ်စွာ တိတ်ဆိတ်သွားသည်.. ယူရှောင်မို မျက်ရည်မကျပဲ စိတ်ထဲမှာ ကြိတ်ငိုနေမိသည်..သူခံနိုင်ရည်မရှိတာမဟုတ်ပဲ လင်းရှောင်နှင့်ပတ်သက်မှုကို အရင်က ခုခံကာကွယ်ပြောဆိုခဲ့ခြင်းသည် အခုတော့ လှည့်စားခဲ့သလို ဖြစ်သွားလေပြီ..အကျိုးမရှိပဲ အချည်းနှီးသာဖြစ်ခဲ့ရပြီ..

"အကိုကြီးလင်း ကျွန်တော်တို့ အခန်းပြန်စားကြမလား" ယူရှောင်မို မေးလိုက်သည်..

လင်းရှောင် သူ့ကို အကြည့်တစ်ချက် လွှတ်လိုက်ပြီး
"ဒီရောက်နေမှတော့ ဘာလို့အခန်းပြန်စားမှာလဲ? သွား စားစရာသွားယူ .. ငါ ခုံရှာပြီး စောင့်နေမယ်"

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now