Chapter - 48 မှော်ရေကန် (ေမွာ္ေရကန္)

16.3K 2.6K 79
                                    

Unicode version

"ကျွန် ကျွန်တော့်မျက်နှာနဲ့ ဘာဆိုင်လို့လို့လဲ"

သူ့ပါးကို ရုတ်တရက်ကြီးကိုင်လာသောကြောင့် ယူရှောင်မို ကြောက်လန့်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောမိသည်..

လင်းရှောင် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်သည်.. ယူရှောင်မို၏ကြောက်လန့်နေသောမျက်နှာကို မြင်သော်လည်း သူဘာမှမဟုတ်တာ မလုပ်မိသလိုပင်.. ယူရှောင်မိုမျက်နှာကိုသေချာကြည့်ပြီး
"အဆင့်မြင့်မှော်ဆရာတွေကလွဲရင် ဘယ်မှော်ဆရာကများ လေးရက်လောက် အခန်းအောင်းဆေးဖော်နေခဲ့တာတောင် သေမလိုမဖြစ်ပဲ ရှိခဲ့ဖူးလဲ.. ဘယ်အဆင့်နိမ့်မှော်ဆရာက မင်းလို ကျန်းမာပြီးစိုပြေနေတဲ့ မျက်နှာလေးနဲ့ အခန်းအောင်းရာကနေ ထွက်လာဖူးလို့လဲ?"

ယူရှောင်မို သူ့ပါးကိုသာ ပွတ်နေမိသည်.. သူဒီအချက်ကို တကယ်သတိမထားမိဘူးပဲ.. တခြားသူတွေနဲ့ အတူတူလေ့ကျင့်လေ့မရှိသောကြောင့် တခြားလူတွေ ဘယ်လိုပုံစံဖြစ်နေမလဲ သူမသိဖြစ်နေ၏.. ထို့ကြောင့် သူ့အခြေအနေက ပုံမှန်ဟုတ် မဟုတ်ကို သူမသိနိုင်ပေ..

အခုလင်းရှောင်ပြောမှပင် သူနားလည်သဘောပေါက်သွားသည်..  သူ နေ့တိုင်း ပြောစရာမဖြစ်အောင် ကြိုးစားနေနေသော်ငြားလည်း သူ့အပြုအမူ အမူအရာတွေက လူအများပြောစရာဖြစ်စေသည်.. သူတစ်ရက်ကို ဆေးလုံးတစ်ရာကျော်ဖော်နိုင်တာကိုက အများပြောစရာဖြစ်နေလေသည်.. နောက်ဆုံးတော့ သူ့ကို ခုန်းဝမ်ဘာကြောင့် တပည့်အဖြစ်လက်ခံတာလဲဆိုတာ သူသဘောပေါက်သွားလေသည်..

"အပြစ်ကို ဝန်ခံရင် သက်ညှာပေးမယ်.. ငြင်းဆန်နေမယ်ဆိုရင်တော့ ပိုဆိုးမယ်နော်.. တခုရွေး"

လင်းရှောင် သူ့ကို ရွေးချယ်မှု ပြုခိုင်းလေသည်..

ယူရှောင်မို စိတ်ထဲတွင် ဗလောင်ဆူကာ စစ်ပွဲတွေ ဆင်နွှဲနေသည်.. ထိုစကားကိုကြားတော့ သူ့အမူအရာက ဇဝေဇဝါတွေ ဖြစ်ကုန်သည်..
ဒါ ရွေးချယ်မှုလို့ ခေါ်ထိုက်ရဲ့လား?
လင်းရှောင် သူ့ကို အနိုင်ကျင့်ပြီး မရ,ရအောင်မေးမည်ဆိုတာသိသော်လည်း လင်းရှောင်ကို နည်းနည်းမှ မသိစေချင်ပါလေ..သို့သော် သူ့မှာ ဝန်ခံဖို့ရာသာ ရှိပြီး သက်ညှာဖို့ တောင်းဆိုရန်သာ ရှိတော့သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now