Chapter - 59 လာကြိုပြီ (လာႀကိဳၿပီ )

15.7K 2.4K 234
                                    

Unicode Version

နောက်တနေ့မနက်တွင်တော့ ယူရှောင်မို အားအင်အပြည့်နှင့် နိုးထလာသည်။ မနေ့ညက ခြောက်နာရီလောက် ဆေးဖော်လိုက်မိသော်လည်း မှော်ရေအစွမ်းကြောင့် နည်းနည်းလေးမှ ပင်ပန်းနွမ်းနယ်ခြင်းမရှိချေ။ ထို့နောက် သူ အနောက်ဘက် လူစုဝေးရာဆီသို့ ဦးတည်ထွက်လာခဲ့သည်။

ဦးလေးကျောက် လူစုနေတုန်းမှာပင် လင်းရှောင် ရောက်လာသည်။ တမိနစ်မစောသလို တမိနစ်လည်း မနောက်ကျပေ။

လင်းရှောင်ကိုမြင်တော့ မြေကမ္ဘာအဖွဲ့သားများအားလုံး အရမ်းစိတ်ဝင်စားသွားကြသည်။ လင်းရှောင်မှာ မြေကမ္ဘာအဖွဲ့စားသောက်ဆောင်ကိုရောက်ဖူးသော်လည်း သူ့ကိုလူတိုင်းမမြင်ဖူးကြပေ။ သူတို့ကြားထားသည့် ကောလဟာလများကြောင့် လင်းရှောင်အပေါ်စိတ်ဝင်စားမှုတွေ မြင့်တက်နေကြသည်။

လင်းရှောင်ရောက်လာတော့ အားလုံးက ယူရှောင်မိုကို မတိုင်ပင်ပဲ လှည့်ကြည့်မိကြသည်။ လင်းရှောင်ကိုယ်တိုင် ဒီကိုရောက်လာခြင်းသည် ယူရှောင်မိုကို တွေ့ဖို့ရန်ဖြစ်မည်ဟု တထစ်ချယူဆလိုက်ကြသည်။

"ဦးလေးကျောက်"

လင်းရှောင်မှာ ယူရှောင်မိုကို လာခေါ်ခြင်းဖြစ်သော်လည်း ဦးလေးကျောက်ကိုတော့ လျစ်လျူရှုဖို့အထိ မမောက်မာပေ။

သူ့အဆင့်အနေအထားနှင့်ဆိုလျှင် ဦးလေးကျောက်ဆိုသည်မှာ ဘာမှမဟုတ်။ သို့သော် မူလလင်းရှောင်မှာ မာနကြီးသော်လည်း အကြီးတွေအပေါ် ယဉ်ကျေးသည်။ အခု သူက မူလလင်းရှောင်နေရာရောက်နေမှတော့ မူလကာရိုက်တာကနေ ကွဲထွက်သွားလို့မဖြစ်ချေ။

ဦးလေးကျောက်မှာ အရင်က လင်းရှောင်နှင့်ယူရှောင်မိုအကြောင်းတွေကြားဖူးသော်လည်း အများကြီးမတွေးမိပေ။ အခုလင်းရှောင်ကိုယ်တိုင်ရောက်လာပြီး ဂိုဏ်းသားများကလည်း ယူရှောင်မိုကို ဝိုင်းကြည့်နေကြသောကြောင့် သူနည်းနည်းတော့နားလည်လိုက်သည်။ သူနားလည်သွားသော်လည်း ထုတ်မပြောပဲ မေးရုံမေးလိုက်သည်။
"တူလေးလင်း ဂိုဏ်းသားတွေကို လာခေါ်တာလား?"

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)حيث تعيش القصص. اكتشف الآن