Chapter - 38 တရားဝင်တပည့်ဂိုဏ်းသား (တရားဝင္တပည့္ဂိုဏ္းသား)

16.9K 2.5K 60
                                    

Unicode version

ဖန်ချန်လဲ့နောက်က ယူရှောင်မိုလိုက်ဝင်လာခဲ့သည်..ခြံဝန်းလေးကို ဖြတ်လာတော့ မှော်ဆေးပင်အချို့စိုက်ပျိုးထားတာ တွေ့ရသည်.. မြေကမ္ဘာအဖွဲ့ဆေးပင်ဥယျာဉ်မှာ ဆေးပင်ပိုများသော်လည်း ဒီဝန်းလေးထဲမှာ အဆင့်မြင့်ဆေးပင်တွေသာ စိုက်ပျိုးထားတာ တွေ့ရသည်..

အားလုံးက အဆင့်ခြောက်အထက်ဆေးပင်တွေသာဖြစ်သည်..သူအရင်က စာအုပ်တွေထဲမှာ ဖတ်ထားသောကြောင့် မှတ်မိနေခြင်းဖြစ်သည်..ပုံမှန်အားဖြင့် ထိုအပင်များမှာ အဆင့်မြင့်မှော်ဆရာများအတွက်သာဖြစ်သည်.. အဆင့်နိမ့်နှင့် အလယ်အလတ်ဆင့်မှော်ဆရာများအတွက်မူ ကန့်သတ်ထားသည်.. ထိုအပင်များမှာ အဆင့်မြင့်ဆေးပင်တွေဖြစ်သော်လည်း ဆေးဖော်လို့ မရသေးပေ.. အခုမှ ပျိုးပင်အဆင့်သာဖြစ်ပြီး ရင့်မှည့်ဖို့ အဝေးကြီးလိုသေးသည်..

အထဲဝင်လာတော့ ဖန်ချန်လဲ့က သူ့ကို ခုန်းဝမ်အခန်းဆီမခေါ်သွားပဲ ခြံနောက်ဘက်ကိုခေါ်လာသည်..ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာတော့ အပြာရောင်ပုံရိပ်ကို တွေ့လိုက်ရသည်.. ထိုလူက သူတို့ကို နောက်ကျောပေးပြီး ဆေးပင်တွေအနီးမှာ ငုတ်တုတ်ထိုင်နေသည်..ကြည့်ရတာ ဆေးပင်တွေအတွက် လိုအပ်တာလုပ်နေပုံရသည်..

ယူရှောင်မို ခဏ မှင်တက်သွားသည်.. ခုနက ခုန်းဝမ်အသံမှာ အခန်းထဲကလာမှန်း သူရှင်းရှင်းကြီးကြားလိုက်ရသည်လေ..

"ဆရာ ကျွန်တော် ခေါ်လာပါပြီ" ဖန်ချန်လဲ့ ရိုသေစွာဖြင့် ထိုလူလတ်ပိုင်းအရွယ်လူကို ပြောလိုက်သည်..

လူလတ်ပိုင်းရွယ်လူမှာ မတ်တပ်ရပ်ပြီး လက်တွေကိုသုတ်လိုက်သည်.. ပြီးတော့ လှည့်ပြောလိုက်သည်..
"ချန်လဲ့ ဆရာ့ကိုကူပြီး လက်ဖက်ရည်အိုးသွားနှပ်ပေးပါလား..  ဆရာ မင်းညီလေးနဲ့ ပြောစရာနည်းနည်းရှိလို့.."

ဖန်ချန်လဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူလိုက်သည်.. မထွက်သွားခင် ယူရှောင်မိုကို မျက်လုံးတဖက်ခိုးမှိတ်ပြပြီး "ဂုဏ်ယူပါတယ်"ဟု တိုးတိုးလေးပြောသွားသည်..
ယူရှောင်မို အံ့ဩသွားသည်..အကိုကြီးက ဘာကြောင့် သူ့ကို ဂုဏ်ပြုသွားရတာလဲ?

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now