Part 1

4.8K 123 3
                                    

#Zawgyi

"မောင် စစ်ထွဋ်နောင်...
ဒီက မောင်လင်းသစ်ပိုင်ကို
တစ်သက်လုံးသစ္စာရှိရှိချစ်ပေးပါ့မယ်လို့ကတိပေးနိုင်မလား"

"ဟုတ်ကဲ့... ကျွန်တော်ပေးနိုင်ပါတယ်"

"မောင် လင်းသစ်ပိုင်...
ဒီက မောင်စစ်ထွဋ်နောင်ကို
တစ်သက်လုံးသစ္စာရှိရှိချစ်ပေးပါ့မယ်လိုကတိပေးနိုင်မလား"

"ကျွန်တော် ကတိပေးနိုင်ပါတယ်"

"သားတို့နှစ်ယောက် တရားဝင်လက်ထပ်ပြီးပါပြီ
ချစ်ရတဲ့သူနှစ်ယောက် တစ်သက်လုံးအေးအေးချမ်းချမ်းနဲ့
ပျော်ပျော်ရွှင်ရွှင် သစ္စာရှိရှိ ပေါင်းဖက်နိုင်ကြပါစေကွာ..."

"ကျေးဇူးတင်ပါတယ် ဖာသာ"

ကျွန်တော်တို့ နှစ်ယောက်လုံး၏ ရင်ထဲမှ ထွက်လာသော
ပျော်ရွှင်ခြင်းမျက်ရည်များမှာ နှစ်ယောက်လုံး၏ မျက်ဝန်းထဲတွင် ပြောင်လက်တောက်ပနေသည်။

"ကိုယ်သိပ်ချစ်ရတဲ့ သူကို ကိုယ်ပိုင်ဆိုင်ရခြင်းက
စစ်မှန်သော ပျော်ရွှင်ခြင်းဆိုရင် ထိုပျော်ရွှင်မှုများ
တစ်သက်လုံး တည်တံ့စေသား...."

ထွဋ်ခေါင် အလွန်ပင်နှစ်သက်စွဲလန်းခဲ့ရသော
ပိုင်လေး၏ပန်းနုရောင်နှုတ်ခမ်းပါးလေးကိုနူးညံ့စွာနမ်းမိသည်။
အရင်လို ချိမြိန်နေတုန်းပါပဲ...
နူးညံ့နေတုန်းပါပဲ.....

ထွဋ်ခေါင်ရော ပိုင်လေးပါ
လက်သန်းကြွယ် ဖြူဖြူသွယ်သွယ်လေးများသို့ Platinumလက်စွပ်လေးကို တစ်ယောက်တစ်လှည့်ဝတ်ပေးလိုက်သည်။

အနောက်တိုင်း ဝတ်စုံ အဖြူရောင်လေးများဖြင့်
သန့်ပြန့်နေသော ကောင်လေးနှစ်ဦးမှာ
အလွန်ပင် လိုက်ဖက်၍ ချောမောနေကြပါသည်။

ဧည့်သည်များမရှိ...
အပြင်အဆင်များမရှိ...
တည်ခင်းကျွေးမွေးမှုများမရှိ...

ချစ်ခြင်းမေတ္တာတရားတို့သာရှိသည့်
ယောက်ျားလေးနှစ်ဦး၏ လိင်တူလက်ထပ်ပွဲသို့
မည်သူမျှ လာချင်ကြမည်မဟုတ်...
နှာခေါင်းရှူံ့ကာ ကဲ့ရဲ့အပြစ်တင်ကြမည့် မြန်မာနိုင်ငံတွင်
နေရထိုင်ရသည်မှာ စိတ်ပျက်ဖွယ်ကောင်းလှသည်။

မုန်း🌹Where stories live. Discover now