Part 8

1K 41 8
                                    

#Zawgyi

ကျွန်တော် သူ့ကို ဆက်ပြီး ဘာမှထပ်မပြောရဲတော့...
ကျွန်တော်ကြောင့်များ သူဒီလိုဖြစ်သွားရတာလားမသိ
သေချာပါတယ်... ကျွန်တော့်ကြောင့်ပဲဖြစ်မှာပါ

သူ့မှာ ဒီလို ရောဂါရှိမှန်း ကျွန်တော်မှမသိတာဗျ..
မင်းအရမ်းမှားတယ် လင်းသစ်ပိုင်
တစ်ခုခုဆို မစဉ်းမစားဘဲ ကိုယ်ပြောချင်ရာပြောတတ်တဲ့ မင်းအကျင့်ကိုဘယ်တော့မှ ပြင်မှာလဲ လင်းသစ်ပိုင်...

"မင်းက အခုချိန်မှာတောင် ငါ့ကိုစိတ်မကောင်းအောင်လုပ်ချင်နေတာလား"

ကျွန်တော် ထွဋ်ခေါင်အပြောကြောင့်တကယ်ပင် စိတ်မကောင်းဖြစ်သွားရသည်...
ရင်ဘတ်ထဲတွင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်သောဒေါသတို့က
တဟုန်းဟုန်း လောင်ကျွမ်းနေတော့သည်

"မဟုတ်ပါဘူး ထွဋ်ခေါင်ရာ...
ငါတကယ်မသိလို့ပါကွာ အခုသက်သာရဲ့လားဟင် မနက်ဖြန်ခွဲစိတ်ရတော့မှာပဲ အားတင်းထားရမယ်နော်"

"အောက်တန်းကျတဲ့ကောင်က သေသွားတော့လည်း
ဘယ်သူကဝမ်းနည်းမှာလဲ...
ရင်ဘတ်ထဲကအောင့်သက်သက်ဖြစ်နေတာ အားမတင်းနိုင်ပါဘူး"

ထွဋ်ခေါင် ကျွန်တော့်ကို နာကြည်းသွားပြီလား...
သူ အရွဲ့တိုက်ပြီး ပြန်ပို့သောစာကြောင့် ကျွန်တော် စိတ်ထဲတွင် ထိုင်းမှိုင်းသွားသည်...
သူ့ကိုလည်း တကယ်သနားမိသည်
'ကျွန်တော့်ကို တကယ်ချစ်တာလား'...

"မပြောပါနဲ့ ထွဋ်ခေါင်ရာ ငါတောင်းပန်ပါတယ်ကွာနော်...
မနက်ကြရင် ငါတို့ video call ပြောကြမယ်လေကွာ
အခုကတော့ ညဥ့်နက်နေပြီမို့ စောစောအိပ်တော့နော်"

"ကောင်းပါပြီ...
Goodnight ချစ်တယ်"

သူကျွန်တော့်ကို တကယ်ကြီးချစ်တာလား...
ကျွန်တော့်ကြောင့်ရော သူတော်တော်ခံစားနေရမယ်ထင်တယ်

ချစ်ရတဲ့သူဆီက ခါးသီးတဲ့စကားလုံးတွေကို
ဘယ်သူက လက်သင့်ခံနိုင်မှာမို့လို့လဲ...

အသွေးအသားနဲ့ တည်ဆောက်ထားတဲ့လူတွေပဲလေ
နှလုံးသားရှိရင်တော့ ချစ်မိမှာပဲ...

မုန်း🌹Where stories live. Discover now