#Zawgyi
"ဘာကိစ္စရှိလို့လဲ ခင်ဗျ...."
"မတွေ့ရတာကြာပြီနော်....."
သူဆိုသည်မှာ အရင်တိုင်းပဲ.... ဘာမှပြောင်းလဲမသွားဘူး
သူပြောချင်တဲ့အတိုင်း သူလုပ်ချင်တဲ့အတိုင်း ဘယ်သူ့ကိုမှဂရုမစိုက်ဘဲပြောတတ်လုပ်တတ်သည့်သူမျိုး....အခုလည်း ကြည့်....
ကျွန်တော်မေးသောမေးခွန်းနှင့် ဖြေသောအဖြေတို့မှာ တစ်ခြားစီပင်ကျွန်တော်ကိုယ်တိုင် ဘာမှမပြောရသေးဘဲကို ဧည့်ထိုင်ခုံတွင် စမတ်ကျကျထိုင်ချလိုက်သော ထိုလူ့ကို ကျွန်တော်စူးစိုက်စွာကြည့်နေမိသည်
ဘယ်တော့မှမဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်သည့် အမြင်ကပ်စရာထိုလူက တစ်ချိန်က ကျွန်တော်သိပ်ချစ်ခဲ့ရတဲ့ စစ်ထွဋ်ခေါင်တဲ့လား
"ဘာကိစ္စရှိလို့ပါလဲ"
ကျွန်တော်သူနှင့် မျက်နှာချင်းဆိုင်ဝင်ထိုင်ပြီး တည်ငြိမ်စွာဖြင့်မေးလိုက်သည်"ငါကဒီကို ကိစ္စရှိမှလာလို့ရတာလား"
"ဒါဆို ဘာလို့လာတာလဲ"
"ကိစ္စရှိတယ်ပဲပြောရမှာပေါ့...
မင်းလုပ်ရပ်တွေ အခုရပ်လိုက်ပါတော့""ငါ့လုပ်ရပ်...... ငါကဘာတွေလုပ်နေလို့လဲ"
"ဒါကတော့ မင်းကိုယ်မင်းအသိဆုံးနေမှာပါ
မင်း... ငါ့ဆီကနေ လင်းသစ်ပိုင်ကိုဘယ်တော့မှမရစေရဘူး
လင်းသစ်ပိုင်ဆိုတာ ငါ့မျက်နှာကိုကြည့်ပြီး ငါ့ရဲ့ပြုံးခြင်းမဲ့ခြင်းတွေဆိုတဲ့
အရိပ်အယောင်တွေအောက်မှာ ခစားနေရတဲ့သူပဲ...
နောက်ပီး သူနဲ့ငါက လက်ထပ်ထားတယ်ဆိုတာလည်း မင်းသိမှာပါ...
သူက Broken Family တွေဆို သိပ်ကြောက်တတ်တဲ့သူမျိုး
သူငယ်ငယ်တည်းက အဲ့ဒီအသိုင်းအဝိုင်းထဲမှာကြီးပြင်းလာရတာမို့
သူကိုယ်တိုင် သူ့ရဲ့ဘဝကျိုတော့ လွယ်လွယ်နဲ့အပျက်စီးခံမှာမဟုတ်ဘူး""Clap...clap...clap"
သူ့ရဲ့တစ်ဖက်သတ်ဆန်စွာပြောနေသောစကားများကြောင့်
ကျွန်တော် ဟင်ခနဲ ဟာခနဲဖြစ်ကာ လက်ခုပ်ပါထတီးမိသည်..."Wow.... မင်းက အပိုင်ကိုတွက်ထားတာပဲ...
မဟုတ်ဘူး မဟုတ်ဘူး.... မင်းအပိုင်ဖြစ်မယ့်သူမျိုးကို ရှာရွေးထားတာ
မင်းတော်တယ် စစ်ထွဋ်ခေါင်.... မင်းအရမ်းတော်တယ်"