Part 21

735 63 29
                                    

#Zawgyi

ကြားလိုက်ရုံနှင့် ငြိမ်းချမ်းတဲ့နာမည်...
အပြုအမူတွေက နွေးထွေးလွန်းပြီး ကျွန်တော့်အပေါ်ကို
သူဌေးတစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေးမျိုးနဲ့
အမြဲကူညီပေးခဲ့တဲ့ တစ်ယောက်တည်းသောသူ...

ကျွန်တော် အားအကိုးရဆုံး...
ကျွန်တော် ပြိုလဲတဲ့အချိန်တိုင်း ဘေးနားကနေ နှစ်သိမ့်ပေးတဲ့သူ...
ကျွန်တော်ရဲ့ ပျော့ညံ့မှုတို့ကို ရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးတဲ့ တစ်ယောက်တည်းသောသူ...

သူ...သူက ကျွန်တော်အပေါ်ကို
ထွဋ်ခေါင်ကြောင့် ချဉ်းကပ်ခဲ့တာလား🌹

🌹🌹

ဓာတ်ပုံထဲရှိ လူနှစ်ယောက်ကို ကျွန်တော်အချိန်အတော်ကြာအောင် စိုက်ကြည့်မိနေသည်...

တစ်ချိန်တည်းမှာပင် ဝမ်းနည်းမှုမျက်ရည်တို့က
ပါးပြင်တစ်ယောက်စီးကျသည်မှာ ဓာတ်ပုံထဲမှ ထိုသူနှစ်ယောက်၏ပေါ်သို့တည့်တည့်ပင်...

လူတစ်ယောက်ကို သေလောက်အောင်မုန်းပြီး
မေ့ပစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော့်နားကို
မခေါ်ဘဲရောက်လာတဲ့ တိမ်က ဘာလဲ...🌹

🌹🌹

အခန်းထဲသို့ဝင်လာသော ခြေသံကြောင့်
စီးကျနေသော မျက်ရည်တို့ကို နာကျင်မှုအပြည့်ဖြင့် ဖိသုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်...

"ဟင်... အကိုပိုင်လေး မျက်လုံးကြီးရဲလို့ပါလား
ငိုနေတာလား... ဘာဖြစ်တာလဲ "

"မျက်လုံးထဲ ဘာဝင်သွားလို့မသိလို့ပါ ညီမလေးရဲ့
ရတယ်... ခုထွက်သွားပြီ"

"ဪ.... ဒုက္ခပါပဲ ကိုကြီးမရှိလည်း
အခန်းကိုနေ့တိုင်းသန့်ရှင်းရေးလုပ်ဖို့ပြောထားတာကို
မလုပ်ကြဘူးလားမသိဘူး... သက်သာပါတယ်နော်"

"ဟုတ်ကဲ့...သက်သာပါတယ်..
ဒါနဲ့... ဒီဓာတ်ပုံထဲက တိမ်နမ်းနေတဲ့သူက..."

ကျွန်တော် ပန်ပန့်ကို အရဲစွန့်ပြီးမေးလိုက်သည်..
လောကကြီးမှာ နာမည်တူမရှား လူတူမရှားလေ...
ထွဋ်ခေါင် ဟုတ်ချင်မှလည်းဟုတ်မှာ
အကယ်၍ ထွဋ်ခေါင်ဟုတ်ခဲ့ရင်တောင်
ကျွန်တော်ထင်သလိုမဟုတ်လောက်ပါဘူး....
ကျွန်တော့်ကို လောကကြီးက
အဲ့လောက်မရက်စက်လောက်ပါဘူး

မုန်း🌹Where stories live. Discover now