#Zawgyi
"ငါကမင်းကို သူငယ်ချင်းပုံစံနဲ့မချစ်နိုင်ဘူး
ရည်းစားအနေနဲ့ပဲ ငါမင်းကိုချစ်ချင်တာ"ထွဋ်ခေါင် အပြောကြောင့် ပိုင်လေးမျက်လုံးပြူးသွားရသည်...
ရုတ်တရက် နှလုံးခုန်သံတို့ကပင် ပို၍မြန်ဆန်လာသလိုလို
အာခေါင်တွေခြောက်လာသလိုလို..."မဖြစ်နိုင်ဘူး... ငါပြန်ပြီ ထွဋ်ခေါင်
See you tomorrow"ပိုင်လေး ထွဋ်ခေါင်ကို ထားပြီး တစ်ယောက်တည်းပြန်ထွက်လာခဲ့လိုက်သည်...
လာတဲ့လမ်းချင်းမတူသလို
ပြန်ရမယ့် လမ်းချင်းလည်းမတူဘူးလေ...ထွဋ်ခေါင်စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို ပိုင်လေးနားမလည်နိုင်...
သူက ဘယ်လိုလူမျိုးလဲ... ပေါင်းသင်းရတာကြာလာတော့ သူပေါ့ပျက်ပျက်နိုင်တတ်တာကို တစ်ဖြည်းဖြည်းသိလာသလိုပင်...>>>>>>>>>>>>>>>>>>>>>>>>>>>
"သား....စာလုပ်ပြီးပြီလား"
"ဟုတ် မေမေ... အခုပဲလုပ်ပြီးတာ"
အခန်းထဲဝင်လာသော မေမေ့အမေးကို ပိုင်လေးချက်ချင်းပင်ဖြေလိုက်သည်...
မေမေက ကျွန်တော့် ပါးလေးနှစ်ဖက်ကိုကိုင်ပြီး ကျွန်တော့်ကို့ပြုံးကာကြည့်နေသေးသည်...
"သား...သင်တန်းတွေတက်ပြီး စာကြိုးစားရမယ်နော်
ရှေ့လျှောက်လည်း သားကဘဝကြီးကို ဖြတ်သန်းရဦးမှာ...
အဲ့တော့ မဟုတ်တဲ့ကိစ္စတွေဆို ဘာမှမတွေးနဲ့
သားဘဝက သားကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှာဒီလိုကြိုးစားတဲ့အချိန်တွေမှာ မဟုတ်မဟတ်စိတ်တွေမဝင်စေနဲ့
အခုသားလည်း Facebook သုံးနေတော့သိမှာပါ
LGBT ကောင်လေးတစ်ယောက် သတ်သေသွားတယ်ဆိုတာကို
အိမ်က သူLGBT ဆိုတာကို သိသွားလို့တဲ့...ဒါတွေက အတုယူစရာတွေမဟုတ်ဘူးနော် သား...
နောက်ပြီးတော့ လမ်းကြောင်းမလွဲစေနဲ့
မဖြစ်သင့်တဲ့ ကိစ္စတွေမဖြစ်စေနဲ့ အလကားတွေ...
အကယ်၍ပေါ့နော်...သားသာ ဒီလိုလူမျိုးဆိုရင် မေမေရင်ကွဲမှာ
မေမေ တစ်ယောက်တည်းတောင်မဟုတ်ဘူး သားအဒေါ်တွေရောပဲ
ငါ့သားလေးက လိမ္မာပါတယ်... ဒီလိုမျိုးတွေ မေမေမကြိုက်တာမလုပ်ရဘူးနော်...