#Zawgyi
နေ့သစ်တစ်နေ့၏ အစပိုင်းဟု သတ်မှတ်ရမည့်
နေရောင်ခြည်နုနုတို့ကပြတင်းပေါက်လိုက်ကာမှတစ်ဆင့်
တစ်ဖြည်းဖြည်းတိုးဝင်စပြုလာသည်...နွေဦးရာသီမဟုတ်ပေမဲ့ ဥသြသံလေးများကိုလည်း
တစ်ချက်တစ်ချက်ကြားနေရသေးသည်...ဝရန်တာတွင် စိုက်ပျိုးထားသော နှင်းဆီပန်းအနီရင့်ရင့်တို့မှ
သင်းပျံ့လတ်ဆတ်သော မွှေးရနံ့တို့လည်း အခန်းထဲထိထိုးဖောက်လာသေးသည်.."ကို...ထတော့ 6နာရီခွဲနေပြီရုံးနောက်လိမ့်မယ်"
ရုံးတက်ရမည်ကို သိ၍ထင်သည်
ကိုအရင်ကလို နိုးရသိပ်မခက်..."အင်း....ထပြီကလေး"
ကိုအိပ်ရာမှ ထထိုင်လိုက်ပြီး ကျွန်တော့်နဖူးလေးကိုနမ်းရှိုက်လိုက်သည်..
"သွား...ရေသွားချိုးတော့ မနက်စာပြင်ထားပေးမယ်"
"ချစ်တယ်....အရမ်းပဲ"
ကိုက တစ်ခါတစ်လေ ချစ်စဖွယ်အမူအရာလေးတွေသိပ်လုပ်တတ်တာပဲ...
ဥပမာ...သူ"ချစ်တယ်"လို့ပြောရင် နှုတ်ခမ်းလေးကိုစူပြီးပြောတာမျိုးပေါ့...
ခန့်ညားတည်ငြိမ်ချောမောလွန်းတဲ့
ကို့မျက်နှာလေးကတစ်ခါတစ်လေ
ကလေးဆန်ပြီးချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော်အလွန်အသည်းယားလှသဖြင့်..."ဟုတ်ပါပြီ...ငါ့ညီလေးက လိမ္မာတယ် အရမ်းချစ်တယ်ဟုတ်ပြီလား ကို့ကလေးလေး"
ကျွန်တော်သူ့ကို ထိုသို့စနောက်နေကျပင်...
ကျွန်တော် ကို့ကို "ညီလေး ညီလေး"လို့လည်းခေါ်သည်
ကို ပြောနေကျအသုံးအနှုန်းလေးလို "ကို့ကလေးလေး"လို့လည်း သုံးနှုန်းကာ ခေါ်တတ်သည်...အဲ့လိုကျွန်တော်စလျှင် ကို့မျက်နှာကြီးစူပုတ်နေတတ်သည်...
အခုလည်း စူပုတ်ပုတ်နှင့် ရေချိုးခန်းထဲဝင်သွားပြန်ပြီ...ကျွန်တော်ကလည်း အဲ့လိုစူပုတ်နေတာလေးကိုပဲ
အသည်းယားပြီး ချစ်နေရတာပဲလေ~~~ကိုသိပ်ကြိုက်သော နှပ်ကော်ဖီပူပူတစ်ခွက်ကို ကျွန်တော်သေချာဖျော်ထားလိုက်သည်...
ထမင်းစားခန်းထဲတွင် နှပ်ကော်ဖီ၏ ရနံ့ကသင်းပျံ့လျက်ပင်~