Part 10

1K 43 11
                                    

#Zawgyi

မွန်းကြပ်လိုက်တာ...
ကို့ကို ချစ်ရတာ သိပ်မွန်းကြပ်ပြီး အရမ်းပင်ပန်းတာပဲ

ကိုက တစ်ခုခုဆို သူလိုချင်တာကိုမရရအောင် ယူတတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူ တဇွတ်ထိုးလုပ်တတ်သူဆိုတာ တဖြည်းဖြည်းသိသာလာသလိုပဲ...

ကျွန်တော်ကတော့ သူလိုချင်တာကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့ပါတယ်လေ...

သင်တန်းကဆင်းရင် လမ်းဘေးဆိုင်မထိုင်ချင်ဘဲ
KFC မှ Lotteria မှ ထိုင်ချင်စားချင်တာမျိုးပေါ့...
အကောင်းစားမှ စားချင်သည့်ကိုနှင့် လမ်းဘေးစာကိုပိုမက်သည့်ကျွန်တော် အစားအသောက်အတွက်အမြဲပြဿနာတတ်ရသေးသည်..

ကိုတို့ မိသားစုက အရမ်းကြီးပြေပြေလည်လည်မဟုတ်တော့
ဘာစားစား ဘယ်သွားသွား ကျွန်တော်ကပဲ ဒိုင်ခံရှင်းပေးစမြဲ...
သူ့မှာက ကားခလောက်ပဲ ပါတာလေ

မျက်နှာသစ်ဆေးတောင် ပိုက်ဆံမရှိလို့ဝယ်မသုံးတာကြာပြီ ဟူသောစကားကြောင့် ကျွန်တော့်မှာ မနေနိုင်..
ဝယ်ပေးလိုက်ရသည်...

ကို့က ကျွန်တော့်မျက်လုံးထဲမှာ ဘယ်လိုပုံစံဖြစ်ဖြစ်
ကျွန်တော့်မျက်လုံးထဲမှာ ချောမောနေပြီးသားဖြစ်သော်လည်း
ပို၍ ကြည့်ကောင်းစေချင်မိသည်မှာ အမှန်...

ကျွန်တော် ဂုဏ်ယူဝံ့ကြွားစွာပြောနေခြင်းမဟုတ်
ကျွန်တော့်မုန့်ဖိုးကလည်း ကို့မုန့်ဖိုးပဲလေ...
ကျွန်တော်နဲ့ကိုက တူတူပဲကို...

ကျွန်တော် ကို့ကိုပျော်စေချင်သည်...
ကိုလိုချင်တဲ့ ဘယ်အရာမဆို ကျွန်တော်အလိုက်တသိဖြည့်ဆည်းပေးချင်သည်
ပိုက်ဆံဖြင့် လုပ်ယူလို့ရတဲ့ အရာတွေမဟုတ်ဘဲ
ကိုလိုချင်တဲ့ တစ်ချို့အရာတွေက
ကျွန်တော့် ခန္ဓာကိုယ်နှင့် သက်ဆိုင်လာသည်..

တစ်ခါတစ်လေ ကျွန်တော်ကို့အိမ်သွားလည်ရင် ကိုကကျွန်တော့်ခန္ဓာကိုယ်နှင့် ပတ်သက်၍ ကျွန်တော်
မပေးချင်တာတွေ မရရအောင်တောင်းတတ်သည်...

ကျွန်တ်ာမပေးနိုင်သေး...
ကျွန်တော်ကြောက်သည် ရှက်လည်းရှက်သည်...
မလုပ်ချင်ဘူး ဟုငြင်းလျှင် ကိုမျက်နှာမကောင်း
အတင်းချော့မော့ကာ ပြောရသည်...

မုန်း🌹Where stories live. Discover now