#Zawgyi
"သူ...ဖောက်ပြန်နေပြီ တိမ်"
ကျွန်တော် တိမ့်ကို အားကိုးတကြီးဖြင့်ကြည့်၍ ငိုကာပြောမိသည်...
အသားတွေ တဆတ်ဆတ်တုန်ယင်ကာ ရှိုက်ကြီးတငင်အော်ငိုမိသည်ပြောလိုက်သည့် တစ်ချိန်တည်းမှာပင်
ဒေါသများ...
စိုးရိမ်မှုများ...
ကြောက်စိတ်များ...
ရှက်ရွံ့မှုများက ရင်ဘတ်ကြီးထဲမှ တာကျိုးသကဲ့သို့ပေါက်ထွက်လာရသည်ကို ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ...
ကျွန်တော့်အပေါ်ဘာလို့များ ဒီလိုမျိုးလုပ်ရက်ရတာလဲ
ကျွန်တော်ဘာများ မှားခဲ့လို့လဲ...ကျွန်တော်ကသူ့ကိုပျော်ရွှင်အောင်လုပ်မပေးနိုင်တဲ့ ခပ်ညံ့ညံ့ကောင်လား...5နှစ်တာ သံယောဇဉ်ကိုမှ အားမနာ..
ကို ဘာလို့ဒီလိုမျိုးလုပ်ရက်ရတာလဲ
အရင်ကရော...ကျွန်တော်မသိအောင် ဒီလိုသစ္စာမဲ့ခဲ့တာလား..."ပိုင်လေး....ပိုင်လေး ဘယ်လိုလုပ်ရမလဲ တိမ်ရာ....
ပိုင်လေး သူ့အစား အရမ်းရှက်တာပဲ
သူ့လိုလူမျိုးကို ပိုင်လေးက မြွေပွေးခါးပိုက်ပိုက်ထားသလိုဖြစ်ခဲ့မှန်း
ပိုင်လေး အခုမှသိတော့တယ်... ယုံကြည်လို့ရလောက်မှာပါဆိုပြီး
ပိုင်လေး အမျိုးမျိုး စဉ်းစားခဲ့ဖူးတယ်... အခုက ပိုင်လေးရဲ့မျက်စိနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာဆိုတော့...."ကျွန်တော် ရှိုက်ကြီးတငင် ပြောပြောပြီးငိုမိတော့ တိမ်က ထိုင်နေရာမှထကာ ကျွန်တော့်ဘေးသို့ရပ်ပြီး လာဖက်ပေးသည်...
"ပိုင်လေး... ဘာ...ဘာဆက်လုပ်ရမလဲ တိမ်ရာ.."
"အဆင်ပြေသွားမှာပါကွာ... အခုလောလောဆယ် ပိုင်လေးရဲ့ခံစားချက်တွေ ပေါက်ကွဲနေတဲ့အချိန်ဆိုတော့ ပိုင်လေးရင်ဖွင့်စရာရှိတာသာ အကုန်လုံးကို့ကို ပြောပြပါ..
ဒါမှ ပိုင်လေး သူ့လိုသစ္စာမရှိတဲ့သူမျိုးကို မုန်းမယ်ဆိုရင် မုန်းလို့ရလောက်တဲ့ အချက်တွေထွက်လာမှာ...သူ့ကို မုန်းနိုင်မှ ပိုင်လေး မနာကျင်ရတော့မှာမလား"
ပိုင်လေး နာကျင်စွာငိုနေမိသည်...
တိမ်ပြောတာ မှန်သည်...သူ့လိုသစ္စာမရှိဖောက်ပြန်တဲ့အကောင်ကို
ကျွန်တော် မုန်းနိုင်မှ ဖြစ်မည်...
ကျွန်တော် ထပ်ကာထပ်ကာဖြင့် မရှူံးချင်တော့...
သိသိကြီးနှင့် ရူးမိုက်ခဲ့သည့် ကျွန်တော့်လိုကောင်လောက် မည်သူမှရူးသွပ်နိုင်လိမ့်မည်မထင်...