#Zawgyi
"ငါသွားတော့မယ်နော်... ရုပ်ရှင်မကြည့်ရပေမဲ့လည်း
ငါပျော်ပါတယ် မင်းနဲ့တူတူရှိရတာ
နောက်တစ်ခေါက်ကျရင် သေချာပေါက်ရုပ်ရှင်ကြည့်ရအောင်နော်"ကျွန်တော် သူ့ကို သေချာကြည့်ကာ ပြုံးပြီးပြောမိတော့
သူ့ရဲ့ သွားဖြူဖြူလေးတွေပါ ပေါ်အောင် အလှဆုံးပြန်ပြုံးပြသည်..."ဟုတ်ပါပြီကွာ..."
စကားအဆုံး သူ့ရဲ့ညာဘက်လက်က ကျွန်တော် ခေါင်းပေါ်ကိုရောက်လာတော့သည်...
ကျွန်တော့်ရဲ့ အညိုရောင် ဆံနွယ်ပျော့ပျော့လေးတွေကို သူ့လက်ဖြင့်ဖွကာ ကျွန်တော့်ကို ပြုံးကြည့်လျက်~~~
လမ်းခွဲကြရမည့် ဘတ်စ်ကားမှတ်တိုင်တွင် မတ်တပ်ရပ်ကာအကြည့်ချင်းဆုံနေကြသော ကျွန်တော်တို့နှစ်ယောက်ကို ဖြတ်သွားဖြတ်လာများက တကြည့်ကြည့်ပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံး စိတ်မဝင်စားခဲ့ပါ...
ကျွန်တော် သူကြက်ကြော်ခွံ့ကျွေးတဲ့အချိန်တည်းက
ရင်ထဲ၌ တစ်မျိုးတစ်ဖုံလှိုက်ဖိုသွားသော ခံစားချက်က နေရာယူထားသလိုလို...သူ ကျွန်တော့်ဆံပင် တွေကို ဖွပေးပြန်တော့လည်း
ကျွန်တော် ကျေနပ်စွာ ခံယူမိနေသလိုလို...အေးစက်တတ်သော အညိုရောင်မျက်ဝန်းနှင့်
အပြုံးဖြူဖြူလေးတွေကို ရင်ခုန်နေသလိုလိုပင်...ကျွန်တော်ကရော သူ့ကို ချစ်မိသွားတာလား~~~🌹
>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဟဲလို... ငါပြန်ရောက်ပြီ
မင်းရော ကားစီးရတာအဆင်ပြေရဲ့လား ဘယ်နားရောက်နေပြီလဲ"ကျွန်တော် အိမ်ရောက်သည်နှင့် သူ့ကို ချက်ချင်းဖုန်းဆက်မေးမိသည်
စိတ်ပူနေတာလား... တစ်ခုခုကို စိုးရိမ်နေတာလားမသေချာ.."အခု... ကျောက်မြောင်းနားမှာထင်တယ်
ငါအိမ်မပြန်ချင်တော့ဘူး""ဘာလို့လဲ ထွဋ်ခေါင်ရဲ့ အိမ်မပြန်ဘဲ မင်းဘယ်သွားမလို့လဲ"
သူပြောသည့်စကားကြောင့် ကျွန်တော်လန့်သွားသည်
နာရီကို ကြည့်မိတော့ 6နာရီ 15 မိုးပင်ချုပ်နေပြီဖြစ်သည်...
ဒီအချိန်ကြီးထိ အိမ်မရောက်သေးသဖြင့် ကျွန်တော်စိတ်ပူနေရသော်လည်း အိမ်မပြန်ချင်တော့ဘူးဟု ပြောနေသော သူ့ကြောင့် ကျွန်တော်ပို၍ စိတ်ပူသွားရသည်...