#Zawgyi
တောက်ပပြာလွင်သော ကောင်းကင်မှတစ်ဆင့် ကျရောက်လာသည့်နေရောင်ခြည် နုနုလေးတစ်လျောက်ပျံသန်းသွားသော ငှက်ငယ်များကိုကျွန်တော်ငေးကြည့်နေမိသည်...
နေရောင်ခြည်တို့ ကန်ရေပြင်တွင်ထင်သောအခါ ထွက်ပေါ်လာသည့် အလင်းတန်းတို့က မျက်ရည်များတသွင်သွင် စီးဆင်းနေသော ကျွန်တော့်မျက်နှာကို ပြန်လည်ထင်ဟပ်လျက်...
တိမ်က ကျွန်တော့်ပခုံးကို တင်းကြပ်စွာဖက်ထားပေးသည်
"ဒီလို... ဒီလို လူမျိုးကို ပိုင်လေးဘာလို့ လက်ထပ်ခဲ့ရတာလဲ
ကို... ကိုပြောစရာစကားအစတောင် ရှာမတွေ့တော့ဘူး ပိုင်လေးရာ"တိမ့်ထံမှ ယူကြုံးမရဖြစ်ကာ ကရုဏာဒေါသောသံ ဖြင့်ပြောသောစကားတို့က ကြားမိတော့ ကျွန်တော် မဲ့ပြုံးတစ်ချက်ပြုံးမိသည်...
"ဒီထက် ပိုဆိုးပြီး ပိုနာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိသေးတယ်တိမ်... ဒါပေမဲ့
ပိုင်လေး အခု အရမ်းပင်ပန်းနေပြီ... ပိုင်လေး ဆက်မပြောပါရစေနဲ့""ပိုင်လေးရယ်.... ဒီလိုလူမျိုးကို ပိုင်လေးရွေးချယ်ခဲ့မိတာ သိပ်မှားတယ်နော်"
"သိတယ် တိမ်... ပိုင်လေး သိတယ်
မှားမှန်းလည်း သိတယ်... နာကျင်ခဲ့ရလည်း...
ရင်ကွဲမတတ် သူမသိအောင် စုတ်ပြတ်သတ်ပြီးခံစားခဲ့ရလည်း
ပိုင်လေး သူ့ကို မုန်းဖို့နေနေသာသာ မေ့လို့တောင်မရခဲ့ဘူးပိုင်လေးက သူ့ကို သိပ်ချစ်တာကိုး..."
ကျွန်တော့် စကားအဆုံး၌ ရင်ထဲမှ တလှိုက်လှိုက်တက်လာသော
ဝမ်းနည်းခြင်းများ စိတ်မကောင်းခြင်းများ ဒေါသများက လည်ချောင်းအထိဆို့နင့်လာ၍ ရှိုက်ကြီးတငင်ငင် ငိုမိသည်..."ပိုင်လေး.... ဘာဆက်လုပ်ရမလဲ တိမ်
ပိုင်လေး သူ့ကို အခုထိချစ်နေတုန်းပဲ တိမ်ရဲ့....
ပိုင်လေး ဘာဆက်လုပ်ရမလဲ တိမ်ရာ...."" ဖြေးဖြေးချင်းစဉ်းစားယူကြတာပေါ့ ပိုင်လေးရယ်
အခုတော့ နေပူလာပြီမို့ ကိုတို့ ပြန်ကြရအောင်...
ပိုင်လေး အိမ်ကို ကိုလိုက်ပို့ပေးမယ် ဒီနေ့တော့နားလိုက်တော့နော်"