#Zawgyi
မပြောင်းလဲသော ရန်ကုန်မြို့ကြီး၏ ကားကြပ်မှုကြောင့်
ကျွန်တော် ရုံးကို အမှီပြေးလာရသည်...
အခုတောင် နောက်ကျနေပါပြီလေ~~~နောက်ကျသည်မှာလည်း ကို့ကြောင့်ပင်...
ညက ကော်ဖီတွေသောက်ပြီး ဂိမ်းဆော့ကာတော်ရုံနှင့်မအိပ်သဖြင့် မနက်ကျသူ မထနိုင်...
သူ့ကို အကြာကြီးနှိုးနေရသဖြင့် ကျွန်တော်ပါနောက်ကျရသည်အိပ်ချိန်ပြောင်းပြန်ဖြစ်နေသည့်ကိစ္စနှင့်လည်း စကားများရသည်မှာ ရည်းစားဘဝတည်းကပင်....
အခုချိန်ထိ ကပြောင်းကပြန်တွေ လုပ်နေတဲ့ကို့ရဲ့အကျင့်တွေက ဘယ်တော့မှပြောင်းမှာလဲမသိရုံးခန်းထဲ အပြေးဝင်ပြီး ဒီနှစ်အတွက် နှစ်ချုပ်စာရင်းကိုမြန်မြန်လုပ်ပြီး Print ထုတ်ကာ
File ထဲထည့်လိုက်သည်
ထို့နောက် သူဌေးရုံးခန်းသို့ ကျွန်တော်မြန်မြန်ထွက်လာခဲ့လိုက်သည်..."သူဌေး...
ဒီနှစ်အတွက် နှစ်ချုပ်စာရင်းတွေပါ နောက်တစ်ပတ်Meetingမှာ ဒီစာရင်းတွေကို ရှယ်ယာရှင်တွေဆီ ကြေငြာပေးရမှာပါ""ဪ... အိုကေ...
ဒါနဲ့ အဲ့ဒီMeetingမှာ ပြမယ့် Projectအသစ်အတွက် Presentation ရော အဆင်သင့်ဖြစ်ပြီလား""ဖြစ်ပါပြီ ဆရာ...
အားလုံး အဆင်သင့်ပါပဲ""ကောင်းပါပြီ လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ"
"ခွင့်ပြုပါဦး သူဌေး"
ကျွန်တော် သူဌေးအခန်းထဲမှ ထွက်မည်အလုပ်...
"ခဏ..."
သူဌေး၏ သြဇာရှိလှသော အသံက
အခန်းအပြင်ဘက်သို့လှမ်းရန် ပြင်နေသော ကျွန်တော့်ခြေထောက်များကို ဖမ်း၍ ဆုပ်ကိုင်လိုက်သလိုပင်..ကျွန်တော် သူဌေးဘက်ပြန်လှည့်လိုက်ပြီး
"ဘာများခိုင်းစရာရှိသေးလို့လဲ သူဌေး"
"ကိုယ်ညနေကျရင် K-cafe မှာ စောင့်နေမယ်
အရေးကြီး ပြောစရာရှိလို့ ရုံးဆင်းရင် လာခဲ့ပေးပါလား
ဒီမှာမပြောချင်လို့ပါ"သူဌေး၏ လေသံမှာ ပျော့ပျော့ပျောင်းပျောင်းပင်
တောင်းဆိုနေသည့် စကားလုံးတို့ကြောင့်ကျွန်တော်အံ့သြမိသည်
အမှန်ဆို သူအမိန့်ပေးလို့ ရသည်မဟုတ်လော...