မျက်လုံးကိုတင်းကြပ်စွာမှိတ်ထားသော်လည်း
အမှောင်ထုထဲမှ ထင်ရှားနေသောပုံရိပ်ယောင်တို့က
ကျွန်တော့်ကို ခြောက်လှန့်နေသလိုပင်...နာကျင်စေသောစကားလုံးတို့ဖြင့်လှောင်ရယ်ပြုနေကြသော လူနှစ်ယောက်ကြောင့် ကျွန်တော်ဘဝကပိုပိုပြီး အဓိပ္ပါယ်မဲ့လာသလို ခံစားနေရသည်...
မည်သူ့အတွက်မှန်းမသိတဲ့ ရှင်သန်ခြင်းတို့ဖြင့်
ဒုက္ခပေါင်းမျိုးစုံ ပြဿနာမျိုးစုံကြားမှ ရုန်းထွက်ကာ
ကောင်းကင်ပြာကြီးထဲက လွတ်လပ်တဲ့ငှက်တစ်ကောင်လို ကျွန်တော်အဝေးဆုံးကို ပျံသန်းချင်မိတယ်🌹🌹🌹🌹🌹🌹
တစ်ညလုံးအတွေးပင်လယ်ထဲနစ်မြောနေသောကြောင့်
ကျွန်တော့် မျက်လုံးများမှာ ကျိန်းစက်နီရဲပီး တစ်ကိုယ်လုံးလည်းအားမရှိသလိုပင်...အိပ်ရာထဲမှ ကြိုးစားကထတော့ ခေါင်းပတ်ချာလည်က တရိပ်ရိပ်နှင့် ချာချာလည်နေသေးသည်...
ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်သွားတိုက်ကာရေချိုးလိုက်တော့ လူကနည်းနည်းလန်းသွားပေမဲ့ ညကဘာမှမစားထားတဲ့အရှိန်ရော အိပ်ရေးပျက်ထားသောအရှိန်တို့က လူကို နှိပ်စက်နေသေးသည်...
ရန်ကုန်ပြန်ရန်သေချာပြင်ဆင်ပြီး အခန်းပြင်ထွက်လိုက်တော့ ပန်းပုရုပ်နှစ်ရုပ်ကမနေ့ကလိုပင်...
အခန်းရှေ့မှာ မတ်တပ်...နာရီကိုကြည့်လိုက်တော့ 8နာရီကျော်နေပြီဖြစ်သည်..
"ကိုစိုးကြီး ကျွန်တော်ဒီနေ့ပဲရန်ကုန်ပြန်မယ်ဆိုတာကို
ခင်ဗျားတို့ သူဌေးတို့ပြောပြီးပြီလား""နေ့လည် 2နာရီလေယာဥ်နဲ့ပါ အကိုလေး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ကျွန်တော်ပြောချင်ရာပြောပြီး အခန်းထဲပြန်ဝင်မည်အလုပ်...
"မနက်စာစားဖို့ကျွန်တော်တို့စောင့်နေတာပါ အကိုလေး"
"ကိုစိုးကြီးတို့ပဲသွားစားလိုက်ကြပါ.. ကျွန်တော်မဆာဘူး"
အခန်းထဲသို့ပြန်ဝင်လာပြီး မွေ့ယာပေါ်ပစ်လှဲလိုက်တော့
အားနည်းနေသူအဖို့ ခိုလှုံစရာရင်ခွင်တစ်ခုရလိုက်သလိုပင်..