#Zawgyi
ကျွန်တော်အိပ်မပျော်နိုင်သေး....
ကျွန်တော့်စိတ်တွေ အရမ်းပူလောင်မွန်းကြပ်နေတာပဲ
ကျွန်တော် ဘာဆက်လုပ်ရမလဲ...
သူ့ကိုလည်း တော်တော်ကြီးကို မုန်းနေပြီထင်ပါရဲ့~~~အခုချိန်မှာ သတိရမိသည်က "တိမ်"...
ကျွန်တော် အနားကို
အေးချမ်းခြင်းတွေပဲ သယ်ဆောင်လာတတ်တဲ့ "တိမ်"
ကျွန်တော် သူ့ကိုဖုန်းခေါ်လိုက်မိသည်...."ဟဲလို.... တိမ်"
..........
"ဟင်.... သူက အဲ့လိုပဲပြောတာလား ပိုင်လေး"
"ဟုတ်တယ် တိမ်... ပိုင်လေး ဘာဆက်လုပ်ရမလဲမသိတော့ဘူး
ပိုင်လေး ခေါင်းတစ်ခုလုံးခဲနေတာပဲ...."သူက ပြောရင်း ငိုချလိုက်သည် ထင်သည်...
ဘယ်လိုလူမျိုးက ဒီလိုအဖြစ်အပျက်တွေကို ခံနိုင်ရည်ရှိမတဲ့တုန်း...ငိုပါ... ငိုပါ ပိုင်လေးရာ...
ပိုင်လေး အခုလိုငိုနေရတာ ကို့ ကြောင့်လည်းပါပါတယ်ကွာ...
ကို့အမှားတွေကြောင့်လည်း ပါပါတယ်ကွာ... ငိုလိုက်ပါ ပိုင်လေးရာ"အခုတော့... ပိုင်လေးအိပ်လိုက်တာကောင်းမယ်
မနက်မှ ကိုယ်တို့အေးအေးဆေးဆေးဖြေရှင်းကြတာပေါ့....နော်"ကျွန်တော် သူ့ကိုစိတ်အေးအေးထားပြီး အိပ်ဖို့သာတဖွဖွပြောနေသော်လည်း
ကျွန်တော် ကိုယ်တိုင်က စိတ်မအေးနိုင်ပါ...
ကိုယ်ချစ်ရတဲ့သူ စိတ်ဆင်းရဲအောင် ကျွန်တော်ကိုယ်တိုင်ဖန်တီးနေတာမလား...
ကျွန်တော်ကိုယ်တိုင် သူ့ရဲ့ပျော်ရွှင်မှုတွေကိုဖျက်ဆီးပစ်နေတာမလား...
ကျွန်တော့်ကိုယ်ကျွန်တော်လည်း မုန်းမိပါတယ်...................
"မင်း ဒီလိုထပ်လုပ်စရာမလိုတော့ဘူး ဝေဖြိုး
မင်းတာဝန်ကျေပါပြီ...""ဟုတ်ကဲ့ သူဌေး"
"ဒီမြာ မင်းရဲ့လုပ်အားခ"
စားပွဲပေါ်သို့ တင်ပေးလိုက်သော ပိုက်ဆံထုပ်ကြောင့် ဝေဖြိုးမျက်နှာအနည်းငယ်ဝင်းလက်သွားသည်...
သို့သော်သို့သော် ချက်ချင်းပင်မျက်နှာညှိုးသွားသည်ကို ကျွန်တော်သတိထားမိလိုက်သည်"ဘာဖြစ်တာလဲ နည်းလို့လား"
"မဟုတ်ပါဘူး သူဌေး ကျွန်တော်အပြစ်ရှိသလိုခံစားနေရလို့ပါ
တကယ်တော့ သူတို့ကသိပ်ချစ်ကြတဲ့ချစ်သူတွေမလား
ပြီးတော့ လက္ထပ္ထားတာ ကျွန်တော်ဒီလိုမျိုး ပိုက်ဆံတစ်ခုတည်းအတွက်
သူများအိမ်ထောင်ရေးကိုဖျက်ဆီးလိုက်သလိုဆိုတော့ ကျွန်တော်စိတ်မကောင်းလို့ပါ....
ဒီငွေတွေကလည်း မသန့်ရှင်းဘူးလေ"