#Zawgyi
သူမရှိတဲ့ည....
သူ ကျွန်တော့်ဘေးမှာမရှိတော့တဲ့ည...
သိပ်ကို ရက်စက်လွန်းသလိုပဲ...
ကျွန်တော် ဝေဒနာတွေကို အလူးအလဲခံစားလိုက်ရတာဗျာ
ရင်ဘတ်ကြီးတစ်ခုလုံးလဲ စုတ်ပြတ်သတ်နေပါပြီ...သူ့ကို ကျွန်တော် သိပ်ချစ်ခဲ့တာကိုး~~
ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို ပုံအပ်ပြီးချစ်ခဲ့တာကိုး...အရမ်းအထီးကျန်ရတယ်... သူမရှိတော့လဲ
ကျွန်တော်ရနေကြ ကို့ရဲ့ကိုယ်သင်းနံ့လေးတွေကတော့ စွဲမြဲနေတုန်းပဲအခု သူဘယ်မှာ ဘာတွေများလုပ်နေမလဲ...
သူကျွန်တော့်ကို တကယ်စိတ်ပျက်သွားပြီလား...မှားခဲ့တာက သူပါ...
ကျွန်တော်ကဘာလို့ ဒီလောက်တောင်ခံစားနေရတာလဲ
စိတ်တွေရှူပ်လိုက်တာနော်~~~>>>>>>>
ကော်ဖီခါးခါးတစ်ခွက်ကတော့ ကျွန်တော့်အနားမှာရှိနေပေးသေးသည်...
နာရီကိုကြည့်လိုက်တော့ 11နာရီပင်ခွဲနေပြီ...
ကို အခုထိပြန်မလာသေးပါလား...မျှော်နေမိသော ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်မိသည်...
တကယ်တော့ ကျွန်တော် ကို့ကို မမုန်းနိုင်သေးပါဘူးလေ...မုန်းဖို့နေနေသာသာ မေ့တောင်မေ့လို့မရတာ
ခေါင်းထဲမှာ ကို့အကြောင်းပဲ အမြဲတွေးနေမိတာ...
မျက်လုံးနှစ်လုံးပွင့်တဲ့ မနက်ခင်းကနေ မျက်လုံးနှစ်လုံးကိုအနားပေးတဲ့အိပ်စက်ချိန်ထိ ကို့အကြောင်း ကျွန်တော့်ခေါင်းထဲမှာ အမြဲရှိနေသည်...တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်...
6နှစ်ကျော်ပြီ ဖြစ်သည်... နေ့ရက်တိုင်းပေါ့... အချိန်တိုင်းပေါ့...>>>>
ကျွန်တော် မှတ်မိသေးသည်...
ရည်းစားဘဝတုန်းက ကို့ကြောင့်သိပ်နာကျင်ခံစားခဲ့ရတဲ့နေ့ရက်တွေကိုပေါ့...သင်တန်းမှာ ကျွန်တော်ကို အလယ်မှာထားပြီး
ကျွန်တော့်ဘေးကလူနဲ့ ဂိမ်းအကြောင်းကို အာပေါင်အာရင်းသန်သန်ပြောနေလိုက်တာဆိုတာ....