part1

35.7K 1.5K 34
                                    

Unicode &Zawgyi

(Unicode )

"ဗျာ...လက်ထပ်ရမှာလား....ဘယ်သူ့ကို လဲ..."

ရုတ်တရက် အထိတ်တလန့် ထမေးလာသည့် ဝမ်ရိပေါ်ကြောင့် ဘေးက လူများပင် လန့်သွားရသည်။

အသက် လတ်ပိုင်း အရွယ် အမျိုးသမီး
တစ်ဦးက ဝမ်ရိပေါ် ပုခုံးကို အသာအယာ
ဖိချလိုက်ပြီး

"ဒီလောက်လည်း ထိတ်လန့်မနေပါနဲ့ ...
သားရဲ့ဖွားဖွား  က ဟိုဘက်နဲ့...မွေးလာတဲ့ မြေး နှစ်ယောက်ကို လက်ထပ်ပေးမယ် လို့ ဟိုးအရင်ကတည်းက သဘောတူ ထားကြတာ..."

"သဘောတူတာ တူတာပဲ... ကျွန်တော် က ကိုယ် လက်ထပ်ရမယ့်သူ ဖြူ လား မဲ လားတောင် မသိပဲနဲ့ လက်မထပ်နိုင်ဘူး..."

ဝမ်ရိပေါ် မည်သို့မျှ လက်မခံနိုင်ပေ။
မိဘ သဘောတူတာနဲ့ လက်ထပ်ရအောင် အခုက ဘယ်ခေတ်မို့လို့လဲ။
လက်မထပ်နိုင်ပေါင်။

"မေမေတို့လည်း သားမေးခွန်းကို မဖြေနိုင်ဘူး...
သားကို မေမေ ကိုယ်ဝန်ဆောင် ထားတဲ့ အချိန်မှာ သူတို့ နိုင်ငံခြားကို ပြောင်းသွားတာ...."

"ဒါဆို ပိုဆိုးပြီ....မေမေ တို့ ပေးစားမယ့်သူက ရုပ်ဆိုးဆိုး ကြီးဆို ဘယ်လိုလုပ်မလဲ... "

"သား လေးက လိမ်မာတယ် မနက်ဖြန်
နှစ်ဖက်မိဘတွေ တွေ့ကြမှာ လိုက်ခဲ့...ပြီးမှ သားတို့ လူငယ်ချင်း အဆင်ပြေမပြေ ကြည့်ပေါ့..."

"ကောင်းပြီလေ...တစ်ခုတော့ ရှိတယ်... မေမေတို့ ဘယ်လိုပဲ ကတိထားထား..ကျွန်တော် မကြိုက်ရင် မယူဘူးနော်...."

"သား သဘောပဲ....ဒါဆို သား မနက်ဖြန် ကျိန်းသေ လိုက်မှာ ဟုတ်တယ်နော်..."

"အင်း...."

နောက်တစ်နေ့ညနေ...

Golden land hotel ၏ VIP ခန်းထဲတွင် တစ်စုံတစ်ယောက်မှာ နေမထိ ထိုင်မသာ ကနာမငြိမ်ဖြစ်၍ နေချေသည်။

"မေမေ သူတို့တွေ က မလာသေးဘူးလား...စောင့်နေရတာကြာလှနေပြီ..."

ဝမ်ရိပေါ် မှာ နဂိုကတည်းက သူများကို စောင့်ဆိုင်းရတာ ကြိုက်သူ မဟုတ်ချေ။

"ဘာလဲ ငါ့မြေးက မစောင့်နိုင်တော့လောက်အောင် တွေ့ချင်နေပြီလား...."

Untitled Love(yizhan)completedWhere stories live. Discover now