part 21

9.6K 633 11
                                    

Unicode &Zawgyi

(Unicode)

"သူ သိနေခဲ့တယ်...ဟုတ်လား..."

ယွန်းစွေ့ချင်း ၏ အသံက အနည်းငယ် တွေးဆ ဆ ဖြစ်နေသည်။

ဟန်လွေ့ပင်း အဖြေစကား တုံ့ပြန်မှု မရှိပဲ နှုတ်ဆိတ်လျှက်သာ ကြည့်နေသည်။

"ကျွန်မ ခံစားခဲ့ရတာတွေ အားလုံး ကို
သိလျှက်နဲ့ သူက ဘာလို့ လက်ခံခဲ့တာလဲ
ဒီလက်ထပ်ပွဲကို... "

"ကျန့်အာ က မင်းကို မချစ်တော့လို့ပေါ့..."

ဟန်လွေ့ပင်း သည်ကား တခြားသူ တစ်ဦး၏ အရေး ကို အကြံဉာဏ် ပေးနေသည့်အလား တည်ငြိမ်စွာ နဲ့ တုံ့ပြန်လာခဲ့သည်။

"ရှင် လိမ်နေတာ! အားကျန့်  သာ အမှန်ကို
သိခဲ့မယ်ဆိုရင် သူ ကျွန်မဆီ ပြန်လာမှာ...ကျိန်းသေတယ်... ဟုတ်တယ် ကျိန်းသေတယ်! .... "

ထိုစကားတို့သည်ကား ယွန်းစွေ့ချင်း သူ့ကိုယ်သူ ပြောနေသည်လား တခြားလူကို ပြောနေသည်လား မသဲကွဲသည့်တိုင်အောင် အထပ်ထပ်အခါခါ အတည်ပြုနေသည်ကတော့ မှန်ကန်သည်။

"ကလေးမ...မင်း ငါ့ကို ယုံ တာ မယုံ တာ
မင်းသမိုင်း ...ငါနဲ့ မဆိုင်ဘူး...ဒါပေမယ့်
တစ်ခုတော့ မင်းမြဲ မြဲ မှတ်ထားသင့်တယ်..
ငါ့သားဘဝထဲ ကို နောက်ထပ် ဝင်လာပြီး
မနှောင့်ယှက်နဲ့ တော့...ငါ့ရဲ့ သည်းခံ မှုက အတိုင်းအတာ ရှိတယ်နော် ကလေးမ..."

"ရှင် ပြောတဲ့ အတိုင်း မလုပ်နိုင်ဘူးဆိုရင်ရော..."

"ကလေးမ... မင်း...စမ်းကြည့် လိုက်ပေါ့...
ငါ့ ဘက်ကတော့ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ ထင်တယ်...  အခု မင်း မဂ်လာပွဲမှာ ဆက်ပြီး နေချင်သေးလား...နေချင်သေးလည်း ရတယ်နော် ...ကျန့်အာတို့ မဂ်လာကတိသစ္စာ ဆိုပြီးရင် မင်းသွားပြီး ဆုတောင်းပေးပေါ့.... "

ယွန်းစွေ့ချင်း အပြုံးဖျော့ဖျော့ကို ဆင်လိုက်ပြီး...

"မလိုတော့ပါဘူး အန်တီ...ကျွန်မ နှလုံးသားက အဲ့လောက်ထိ မခိုင်ခံ့ဘူး...အခုတော့ ကျွန်မ ပြန်လိုက်ပါ့မယ်... ဒါပေမဲ့ အန်တီ တစ်ခု မှတ်ထားပေးပါ...အားကျန့်ကို ကျွန်မဆီ ပြန်ရောက်လာအောင် ကျွန်မ ကြိုးစားပြမယ်..."

Untitled Love(yizhan)completedWhere stories live. Discover now