part7

12.2K 864 2
                                    

Unicode&Zawgyi

(Unicode)

ဟန်အာက ဟန်လွေ့ပင်း ဆီက ဖုန်းကို လွှဲယူလိုက်ပြီး...

"ဟဲလို.......ခဲအို လား..."

"သမီးက အသွက်လေးပဲ...
သမီးရဲ့ ခဲအို မဟုတ်ဘူး...
အန်တီနာမည်က ချူယောင်ယောင်
သမီးခဲအိုရဲ့အမေ..."

"ဟုတ်လား...အန်တီ သမီး...ခဲအိုနဲ့ ပြောချင်လို့ ရမလားဟင်...."

"ရတာပေါ့..သမီးရဲ့... ခဏ ကိုင်ထားဦး... "

"ဟုတ် အန်တီ..."

"သား...ဒီမှာ..."

ချူယောင်ယောင် ဝမ်ရိပေါ် ထံသို့ ဖုန်းကမ်းပေးလိုက်သည်။

"ခဲအို...ခဲအို.... "

"ခဲအိုဆိုတာ က ကျွန်တော့်ကို ပြောတာလား..."

"အင်းပေါ့....ကောကော  နဲ့ လက်ထပ်မယ့်သူဆိုတော့
ခဲအို ပေါ့...ဘာလဲ မကြိုက်လို့လား...."

"မဟုတ်ပါဘူး ကြိုက်တယ်...."

"ခုနကတောင် ကိုကို နဲ့တွေ့ခဲ့တာ... ခဲအို အကြောင်းတောင် ပြောနေသေးတာ...."

"ဟုတ်လား...ကျန့်ကော က ဘာပြောလဲ..."

"မကြည့်ချင်လောက်အောင် ရုပ်ဆိုးတယ်တဲ့..."

"တကယ် အဲ့လိုပြောတာလား ကျန့်ကော က...."

"အင်း...ညီမ လေးက တော့ မယုံပါဘူး....ခဲအို အရမ်းချောမယ် ဆိုတာ ယုံကြည်ပြီးသား..."

"ညီမလေးပဲ အကို့ဘက်မှာ ရှိတယ်...."

"ညီမလေးလို့ အသိအမှတ်ပြု ပြီပေါ့.... "

"အင်း...."

"ကောကော  နဲ့ date ပြီးပြီလား..."

"မပြီးသေးဘူး...."

"အလိုက်တာ ခဲအို ရာ...ဒာဲ့ဒါမျိုးက မြန်မြန်  လှုပ်ရှားရတယ်...အေးနော်...နောက်ကျနေရင် သူများနောက်ပါသွားမယ်....."

"ဘာကို ဆိုလိုတာလဲ.... "

"ခဲအို မသိဘူးလား...ကောကော  မှာ အရင်တုန်းက တစ်ဖက်သတ် ကြိုက်နေတဲ့ သူရှိတယ်ဆိုတာ..."

"ဘယ်သူလဲ.... "

"သူလား....သူက အခု နိုင်ငံခြားမှာလား မသိဘူး..."

Untitled Love(yizhan)completedWhere stories live. Discover now