part43(final)

15.2K 639 15
                                    

Unicode&Zawgyi

(Unicode)

တောရွာ သဘာဝအလျှောက် ကျေးငှက်တို့က ရောင်နီ မလင်းခင်ကပင် တေးသီလာကြသည်။

ရှောင်းကျန့်မှာ သူ့မျက်နှာ ကို လာရောက်ထိခတ်နေသည့် လေငွေ့ နွေးနွေးလေးကြောင့် အိပ်ချင်စိတ်တို့ပင် ပြေလျော့ကာ နိုးထလာ၏။

အိပ်ချင်စိတ်တို့ အလုံးစုံ ပြေလျော့ခြင်း မရှိသေးသည့်အတွက် ရှောင်းကျန့်မျက်လုံးတို့က မှုန်ရီဝေနေသည်။
သို့သော်လည်း မည်သည့်အချိန်က တည်းက နိုးထကာ သူ့ကိုစိုက်ကြည့်နေမှန်း မသိသည့် လူတစ်ယောက်ကြောင့် မျက်လုံးတို့က
အိပ်ချင်စိတ် ပြေသွားတော့သည်။

ဝမ်ရိပေါ်မှာ မျက်တောင်ပင် မခတ်
ရှောင်းကျန့်ကို ပြုံးလို့ စိုက်ကြည့်နေသည်။

"ရိပေါ် ဘယ်အချိန်ကတည်း က နိုးနေတာလဲ...."

"ကြာပြီ....."

"ဘာလို့ မနှိုးတာလဲ.. ."

"မနှိုးရက်လို့...."

"မင်းက နေကောင်းတာ မဟုတ်ဘူး....ငါ မင်းအတွက် မနက်စာ လုပ်ပေး ရဦးမှာ.... "

ရှောင်းကျန့်မှာ အိပ်ယာကနေ ကပျာကယာ ထလိုက်သည်။

သို့သော် ဝမ်ရိပေါ်၏ ပြန်လည်ဆွဲယူ လှဲချခြင်းကို ခံလိုက်ရသည်။

"ရိပေါ်...မင်း..."

ဝမ်ရိပေါ်မှာ ရှောင်းကျန့်နှုတ်ခမ်းထက်ကို နမ်းရှိုက်လာသည်။

နှုတ်ခမ်းထက်က တစ်ဆင့် ရှောင်းကျန့် လည်တိုင်ကျော့ဆီ ဆက်လက် ဆင်းသက်လို့လာသည်။

ရှောင်းကျန့်မျက်နှာမှာ မူ အေးစက်မှုန်မှိုင်းသွားသည်။

"ဖယ်စမ်း...အယုတ်တမာလေး..."

ရှောင်းကျန့် မှာ တစ်ညတာလုံး ဝမ်ရိပေါ်၏ ကလိမ်ကျခံလိုက်သည်ကို တွေးမိပြီး
အကြည့်တို့က ပြုံးရိပ်သန်းနေသော်လည်း ကြောက်စရာ ကောင်းလာသည်။

"မဖယ်ပါဘူး...ကျန့်ကော သိရဲ့လား...ကျွန်တော် ကြောက်နေခဲ့ရတာ...
မနက်လင်းလာလို့ ကျွန်တော့် ဘေးမှာ
ကျန့်ကော မရှိတော့မှာကို ကျွန်တော် တကယ် ကြောက်နေခဲ့တာ..."

Untitled Love(yizhan)completedWhere stories live. Discover now