part9

11.3K 855 14
                                    

Unicode&Zawgyi

(Unicode)

"ဒေါက်...ဒေါက်...."

"ဝင်ခဲ့လေ...."

ရှောင်းကျန့်  တံခါးခေါက်သံ ကြားသောကြောင့် ပြောလိုက်သည်။

"ကောကော ..... "

"ဟန်အာ ဘာလို ချင်ပြန် ပြီလဲ...."

"ကောကော  သွားမယ့် အချိန် ညှိပြီးပြီ..."

"အင်း...."

"ကောကော  ကလည်း ပြန်ဖြေတာက
အားမရလိုက်တာ ဘာလဲ လိုက်မပို့ ချင်တော့ဘူးလား..."

"ဟန်အာ.....မဆိုးနဲ့..."

"အင်းပါ.... တောင်းဆို သူရှိတော့လဲ စိတ်ကောက်ချင်တာ တောင် စိတ်ကောက်မရတဲ့ဘဝ...ဟင်း...."

ဟန်အာက မကြားတကြား ရေရွတ်နေသည်မို့ ရှောင်းကျန့် သေချာ မကြားလိုက်ပေ။
သို့ကြောင့် ပြန်မေးလိုက်သည်။

"ဟင်...ဘာတောင်းဆိုတာလဲ.."

"ဘာမှ မဟုတ်ပါဘူး...သူငယ်ချင်း ပါ သူက အတင်း ရုပ်ရှင် လိုက်ပြခိုင်းနေလို့...."

"ဘယ်က သူငယ်ချင်း လဲ ဒီကို ပြန်ရောက်တာမှ တစ်ပတ် မပြည့်သေးဘူး သူငယ်ချင်းက ရနေပြီလား..."

"အင်း..ဟင်း...အဲ့ဒါက...သူငယ်ချင်း ပဲ ရှိတာပေါ့ ... မနက်ဖြန် ညနေ နော်..."

"အင်း...."

"ဒါဆို သွားတော့မယ်...."

ဟန်အာ ထိုသို့ ပြောပြီး ထွက်သွားရန်ပြင်ပြီးမှ ရှောင်းကျန့် တစ်စုံတစ်ရာကို ငေးစိုက်ကြည့်နေသောကြောင့် သူပါ ထိုအရာ ကို လိုက်ကြည့်မိသည်။

"ကောကော  သူ့ပုံ ကို ဘာလို့ အခုထိ သိမ်းထားတာလဲ...."

"ဟန်အာ မဆိုင်တာ ဝင်မရှုပ်နဲ့...."

"ဘာလို့ မဆိုင်ရမှာလဲ...ဟန်အာ့ ကောကော  ရဲ့ ကိစ္စ လေ...ကိုယ့်အချစ်ကို တန်ဖိုးမထားတဲ့ သူတစ်ယောက်ကို ဘာလို့ တမ်းတမ်းစွဲနေရတာလဲ...."

"ဟန်အာ.!!..."

ရှောင်းကျန့် မမျှော်လင့်မိပါဘဲ ဒေါသတကြီး အော်လိုက်မိသည်။

"ကောကော  ဟန်အာ့ကို အော်တယ် အဲ့ဒီ အရေးမပါတဲ့ လူတစ်ယောက်အတွက်....ကောကော
မကောင်းဘူး... ဒေါ်လေးနဲ့တိုင်ပြောမယ်...
အဟင့်..ဟင့်..."

Untitled Love(yizhan)completedWhere stories live. Discover now