part31

9K 596 7
                                    

Unicode&Zawgyi

(Unicode)

အခန်းပြတင်း လိုက်ကာစ နောက်ကွယ်ကနေ မနက်ခင်း ရောင်ခြည်က ပက်ဖျန်းလာ၏။

မှုန်ပြပြ ရောင်ခြည်ထွေးက ချောမော ခန့်ငြားသည့် ရုပ်သွင်ပေါ်၌ လူးလာ လွှင့်ခတ်နေသည်။

ဝမ်ရိပေါ် နထင်စွန်း၌ လက်ထောက်လိုက်ကာ
ရှောင်းကျန့် ၏ မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို အပြုံးလေးနဲ့ ကြည့်နေခဲ့သည်။

ဝမ်ရိပေါ် လက်ချောင်းတို့က ရှောင်းကျန့် မျက်တောင်မွှေးလေးတွေကို ထိကပ်ကာ ရေတွက်နေခဲ့သည်။

ဝမ်ရိပေါ် တိုးကပ်ကာ ရှောင်းကျန့် နဖူးပြင်ကို ခပ်ဖွဖွ နမ်းရှိုက်လာသည်။

ဝမ်ရိပေါ် နှုတ်ခမ်း ပါးလေးက တဖြည်းဖြည်း လည်တိုင်ကျော့ဆီ ဆင်းသက်လာခဲ့သည်။

ဝင်လေထွက်လေ တို့က ရှောင်းကျန့် နားသီးဖျား လေး၌ သွားရောက် ကျီစယ်နေသည်။

"ကျန့်ကော...မနက်ရောက်နေပြီ....ထတော့ လေ..."

ချိုသာနူးညံ့သည့် အသံဖျော့လေးက
ရှောင်းကျန့် နားစည်ကို ဖြည်းညှင်းစွာ ထိခတ်လာသည်။

ရှောင်းကျန်မှာမူ မျက်လုံးပင် ဖွင့်မလာ။
မည်သည့် အသံမှ ထပ်မကြားချင်တော့သည့်အလား သူ့နားနှစ်ဖက်ကို လက်ဝါးနဲ့ အုပ်ကာလိုက်သည်။

"ရိပေါ် မထချင်သေးဘူး ကွာ..."

ဝမ်ရိပေါ် ၏ လက်ချောင်းတို့က ရှောင်းကျန့် ပါးပြင် ထက်၌ ဆက်လက် ကျီစယ်နေသည်။

"ကျန့်ကော....တကယ်ပဲ မထဘူးလားဟင်....
ဒါဆို.... "

ဝမ်ရိပေါ်... ရှောင်းကျန့် ၏ နားရွက်ဖျားလေး ကို အသာ ကိုက်ခဲလိုက်သည်။

"အ..."

ရှောင်းကျန့် မှာ အိပ်ချင်စိတ်တို့ပင် ပြေလျော့သွားကာ ချက်ချင်းပင် ဝမ်ရိပေါ် ထံသို့
အလန့်တကြား ကြည့်လာခဲ့သည်။

"ရိပေါ်....မင်း ဘယ်လို ဖြစ်နေတာလဲ..."

ရှောင်းကျန့် မှာ သူအိပ်နေသည်ကို နှောင့်ယှက်ခံလိုက်ရသည့်အပြင် ယခုအခါ တစ်ဖက်လူ၏ မြူဆွယ်ဖြားယောင်းမှုပါ
ခံနေရသည်။

Untitled Love(yizhan)completedOnde histórias criam vida. Descubra agora