part15

9.8K 694 22
                                    

Unicode&Zawgyi

(Unicode)

အချိန်တွေ တရွေ့ ရွေ့ ကုန်ဆုံးလာသလို
ရှောင်းကျန့်  နဲ့ ဝမ်ရိပေါ်  တို့နှစ်ယောက်၏ လက်ထပ်ပွဲ မှာလည်းနီး ကပ်လာသည်။

"ကျန့်ကော ရောက်လာပြီလား .... "

ဝမ်ရိပေါ် သူ့လက်ထဲက မဂ္ဂဇင်း စာအုပ်ကို
ချလိုက်ပြီး သူ့ရှေ့ကို လျှောက်လှမ်းလာသည့် အနှီလူကို ချစ်ခြင်းအပြည့်ဖြင့် ကြည့်နေသည်။

"အင်း...စောင့်နေရတာ ကြာသွားပြီလား..အရေးကြီးစာချုပ်ကိစ္စရှိလို့ ကြာသွားတာ...."

ယခု သူတို့နှစ်ယောက်မှာ မင်္ဂလာ ဝတ်စုံ ဆိုင်တွင် ဖြစ်သည်။

"မကြာပါဘူး... ကျန့်ကော  အဝတ်လဲဝတ်ကြည့်လေ....ကျန့်ကော ရွေးပြီးမှ ကျွန်တော် ရွေးမယ်...."

"အင်း..."

ရှောင်းကျန့် ပြန်ဖြေလိုက်ပြီး အဝတ်လဲခန်းထဲ ဝင်သွားလိုက်သည်။

ခဏအကြာတွင် အဝတ်လဲခန်းထဲကနေ
ရှောင်းကျန့် ထွက်လာခဲ့သည်။

ရှောင်းကျန့် ရွေးချယ်ထားသည်ကား
အဖြူရောင် သူတို့သားဝတ်စုံ...။

ဝမ်ရိပေါ်  ကတော့ ရှောင်းကျန့် ကို စိုက်ကြည့် ရင်း ငေးမော ဆွံ့အနေဆဲ..။

'Wow..!! ချောမောခန့်ညားပြီး လှလိုက်တာ ယောကျာ်း လေးတစ်ယောက် ကို လှတယ်လို့ မသုံးနှုန်းသင့်ပေမယ့် ကျန့်ကော ကတော့
အရမ်းလှတယ်.....အရမ်းကို ချောတယ်...'

ဝမ်ရိပေါ်  စိတ်ထဲ၌ ထိုအတွေးများက
ဘက်တီးရီးယားလိုပျံ့နှံ့ နေသည်။

"ရိပေါ် ဘယ်လိုနေလဲ...."

"........"

ဝမ်ရိပေါ်  ထံမှအဖြေစကား ထွက်မလာ။

"ရိပေါ်.... ရိပေါ်!!..."

"ကျန့်...ကျန့်ကော..."

"ဘယ်လိုနေလဲ...... "

"အရမ်းချောပြီး ခန့်တယ်......"

"ဒါဆို ငါတို့ အဖြူရောင်ပဲ ဝတ်ကြမယ်....."

"အင်း...."

"မင်းလည်း ဝတ်ကြည့်လေ..."

"ဒါဆို ကျွန်တော် ဝတ်ကြည့်လိုက်ဦးမယ်.. "

Untitled Love(yizhan)completedTempat cerita menjadi hidup. Temukan sekarang