part23

9.2K 604 3
                                    

Unicode&Zawgyi

(Unicode)

ခန်းမကျယ် တစ်ခုထဲရှိ ရှည်လျားလှသော စားပွဲထိပ်တွင် လူတစ်ယောက်သည်ကား အေးစက်မှု အပြည့်နဲ့ တည်ရှိနေခဲ့သည်။

ထိုသူသည်ကား ရှောင်းကျန့် ။ ကုမ္ပဏီ project တစ်ခုအတွက် အစည်းအဝေး
လုပ်နေခြင်းပင်။ 

"နောက်တစ်ပတ် ဒီ project ကို အပြီး သတ်ရမယ်....အားလုံး အစည်းအဝေးပြီးပြီ..."

အစည်းအဝေး ပြီးနောက် တစ်စုံတစ်ယောက် ဖုန်းဆက်မလာခင်အထိ ရှောင်းကျန့်သည်ကား အလုပ်ထဲ အာရုံ နစ်မြုပ်လျှက်ရှိသည်။

"ဒီး....ဒီး..."

ရှောင်းကျန့်မှာ စခရင်က နံပါတ်စိမ်းကြောင့် မျက်မှောင် အနည်းငယ် ကျုံ့သွားသည်။

သူ့မသိစိတ်က အလိုလို တွန့်ဆိုင်းမှု ဖြစ်တည်လာသော်ငြား ဖုန်းတော့ လက်ခံ ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ ပြောပါ..."

"အားကျန့်..."

တစ်ဖက်က နူးညံ့ ကာ ဆွဲဆောင်မှု ရှိသည့် အသံလေးက စိုပြေစွာ ထွက်ပေါ်လာသည်။

"မင်း က ဘယ်သူလဲ ... "

"တို့ပါ အားကျန့် ရဲ့ ရှောင်ချင်းလေ...."

"ရှောင်ချင်း....အဲ့နာမည်နဲ့ လူမျိုး ငါ့အသိထဲမှာ မရှိဘူး...."

"အားကျန့်...."

"ပြောစရာ မရှိဘူးဆို ဖုန်းချလိုက်တော့မယ်..."

"နေပါဦး ဖုန်းမချပါနဲ့...အားကျန့်...
တို့ပြောစရာရှိတယ်.... အားကျန့်ကို "

"မင်း..ငါ့ဖုန်းနံပါတ် ဘယ်လိုရတာလဲ.... "

"ဖုန်းနံပါတ်တစ်ခု ရဖို့ ဆိုတာ အခုခေတ်မှာ လွယ်ပါတယ်...တို့ ရှောင်းကျန့် ကို ပြောစရာရှိလို့ပါ... "

"ငါ့ဘက် က ပြောစရာ မရှိဘူး.....ငါ့ကို နောက် ဖုန်းမဆက်တာ ကောင်းမယ်...
ပြီးတော့ ရှောင်ချင်း ငါ မပြောချင်ပေမဲ့လည်း
ငါ အိမ်ထောင်သည်ဆိုတာ မင်းသိပါတယ် ...."

ရှောင်းကျန့် သည်ကား ပြောသင့်ပြောထိုက်တာကို ပြောပြီးပြီ ထင်သည့်အတွက် ဖုန်းချလိုက်ရန်သာ ရွေးချယ်လိုက်သည်။

Untitled Love(yizhan)completedWhere stories live. Discover now