part19

9.2K 655 2
                                    

Unicode&Zawgyi

(Unicode)

အဖြူ ရောင် ခန်းမ အလယ်တွင် အရောင်အသွေး ကာလာ အစုံ ဝတ်ဆင်ထားကြသည့် လူများနဲ့ ပြည့်နှက်နေသည်။

ကောင်းချီးပေးသူတို့၏ အလယ် ရှုံ့ချသူတို့ အနည်းငယ် ပါနိုင်သော်ငြား ကောင်းချီးထောပနာပြုမှုတို့ကို အံမတုနိုင်ပေ။

ယနေ့သည်ကား ဝမ်ရိပေါ်  နဲ့ ရှောင်းကျန့် တို့ ၏ လက်ထပ်ပွဲ နေ့ အခါသမယ။

"ညီမချူ အရမ်းလှနေပါလား..."

"အစ်မ ဟန် တို့ စုံတွဲလည်း ရှင်းသန့်ပြီး ချောမောနေတာပဲ..."

ချူယောင်ယောင် သည်ကား ယနေ့တွင် သက်လတ်ပိုင်း အမျိုးသမီးတို့ ရှိသင့်သည့် အလှထက် ပို၍ လှသွေးကြွယ်နေလေသည်။

ချူယောင်ယောင် ဘေးဘီဝဲယာကို ဝေ့ဝဲ
ကြည့်လိုက်ပြီးနောက်...

"သားလေး ရိပေါ်  ရော..."

ဟန်လွေ့ပင်း သူ့ပါးထက် က ပါးချိုင့်လေး ပေါ်သည်အထိ နှစ်လိုစွာ ပြုံးလိုက်ပြီး...

"သူ့ ကျန့်ကော ဆီ သွားတယ်လေ..."

ထိုအဖြေစကား အဆုံး နှစ်ဖက် မိဘတို့၏ မျက်နှာမှာ အပြုံးပန်းတို့ ဝေဆာလာသည်။

"ကလေးတွေ အခုလို နေ့ ရောက်လာမယ် ထင်မထားဘူး..."

"ဟုတ်တယ် ညီမချူ  အစ်မတော့ အရမ်းဝမ်းသာတယ်... "

အခြားတစ်ဖက် အဝတ်လဲခန်းထဲ ၌...

"ကျန့်ကော..."

ဝမ်ရိပေါ် သည်ကား တံခါးနားတွင် ရပ်လျှက် လက်တစ်ဖက် ကို ဘောင်းဘီအိတ်ကပ်ထဲ
ထည့်ရင်း နက်ရှိုင်းသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေလေသည်။

"ရိပေါ်..."

"ကျန့်ကော....ကျွန်တော် နောင်တရချင်သွားပြီ...."

". ...."

'နောင်တရချင်သွားပြီ ဟုတ်လား...ဒီကလေး ငါ့ကိုယူရမှာ နောင်တရနေပြီလား...'

ရှောင်းကျန့် အတွေးတို့က မသေချာ မရေရာမှုများနဲ့ ပြည့်နှက်သွားလေသည်။

"အင်း...ကျွန်တော် နောင်တ ရတယ်...ကျန့်ကော က အရမ်းခန့်ငြားနေတော့ အခြားလူတွေကို မမြင်စေချင်တော့ဘူး....တိတ်တိတ်လေး ဖွက်ထားပြီး ကျွန်တော် တစ်ယောက်ပဲ အဝ ကြည့်ချင်တယ်...."

Untitled Love(yizhan)completedDonde viven las historias. Descúbrelo ahora