part10

11.4K 799 7
                                    

Unicode &Zawgyi

(Unicode)

(ကောင်း ကောင်း date ခဲ့နော်
ကောကော ...o((*^▽^*))o)

ဟန်အာ ရှုပ်လိုက်ပြီ ဆိုတာ ကို ရှောင်းကျန့် သိလိုက်ချေပြီ။

"ဟန်အာ ဒီကောင်မလေးကတော့...."

"Zhan Ge ဟန်အာကို မဆူပါနဲ့ သူက
စေတနာ ကောင်းနဲ့ပါ......"

ဝမ်ရိပေါ်မှာ ဒီခယ်မလေးကို နောက်လည်း အားကိုးရဦးမည်မို့ အဆူမခံရအောင်
ကာကွယ်ပေးလိုက်သည်။

"ဟန်အာ က ရုပ်ရှင် ကြည့် ချင်တယ်ဆိုလို့ လိုက်ပြတာ...ဟန်အာ လာမကြည့်မှ တော့ ပြန်တာပဲ ကောင်းမယ် ထင်တယ်...
ခွင့်ပြုပါဦး..  "

ရှောင်းကျန့် ထပြန်ရန် ပြင်လိုက်သည်။

"ကျန့်ကော ...မပြန်ပါနဲ့ လား....
ရောက်လာပြီးနေပြီပဲ...ရုပ်ရှင် ကြည့်ပြီးမှ
ပြန်လေ...."

"ငါ...."

ရှောင်းကျန့်မှာ ထပြီးပဲ ပြန်ရမလို ဆက်ပြီးပဲ ထိုင်နေရမလို စဉ်းစား မရ ဖြစ်နေသည်။

"ကျန့်ကော  ကျွန်တော် တောင်းဆို တာပါ......နော် ...."

ရှောင်းကျန့် အတော်လေးစဥ်းစားပြီးမှ

"အင်း...ကောင်းပြီလေ..."

နောက်ဆုံး ဝမ်ရိပေါ် နဲ့  အတူ ရုပ်ရှင်
ကြည့်ရန် လက်ခံလိုက်သည်။

"ဒါနဲ့ ရုပ်ရှင် ရုံက ဘာလို့ လူမရှိတာလဲ...
ငါတို့ နှစ်ယောက်ပဲရှိလားလို့...."

"ကျွန်တော် တစ်ရုံလုံး ငှါးထားတာ...."

"ဟမ်...."

"ဟုတ်တယ် ကျန့်ကော  နဲ့ နှစ်ယောက်တည်း တွေ့ချင်လို့...."

"အဟမ်း...ရုပ်ရှင် စပြနေပြီပဲ
ကြည့်ရအောင် "

ရှောင်းကျန့် အနည်းငယ် ရှက်သလိုခံစားလာရ၍ စကားလမ်းကြောင်း သာ လွှဲလိုက်တော့သည်။

ရှောင်းကျန့် မှာ ရုပ်ရှင်စကြည့်ကတည်းက ရုပ်ရှင်ကိုသာ အာရုံ စိုက်ထားခဲ့သော်လည်း ခဏခဏ သူ့စိတ်က မသိုးမသန့် ဖြစ်နေသည်။
သူ့စိတ်မလုံသလို ခံစားရ၍ ဘေးကို လှည့်ကြည့်လိုက်သည်။

Untitled Love(yizhan)completedWhere stories live. Discover now